ချစ်ခြင်းဖွဲ့လေပြေ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
ခန့်ဘုန်းထွတ်ဆိုတဲ့ လူငယ်တစ်ယောက်။ တစ်ချိန်က ချောမောခန့်ညားပြီး ပျော်စရာ လူငယ်ဘဝကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ခန့်ဘုန်းထွတ်ဟာ အခုတော့ စိတ်ရောလူပါ ပျက်ယွင်းနေခဲ့ပါပြီ။ သူ လူ့လောကမှာ အသက်ဆက်ပြီး မရှင်သန်ချင်တော့ဘူး။ ရှင်သန်ဖို့ကိုလည်း သူ့အတွက် လောကက အခွင့်အရေး မပေးတော့ပါဘူး။ သွေးကင်ဆာတဲ့။ သွေးစုတ်ဖုတ်ကောင် တစ်ကောင်လို သွေးကို မကြာခဏ လိုအပ်နေတဲ့ သူ့ဘဝကို သူ စိတ်ကုန်နေခဲ့ပြီ။ ချစ်သူကလည်း အလကား ဖြစ်သွားပြီ။ အရာရာ ပျောက်ဆုံးသွားပြီ။ ခန့်ဘုန်းထွတ် ဆုံးဖြတ်ချက်တစ်ခုနဲ့ ဒီနေရာကို လာခဲ့တယ်။ အင်းယား ကန်ရေပြင်ဆီ သူ ရောက်လာခဲ့တယ်။ ပြီးတော့ သူ့ဘဝကို ဒီရေအောက် ကြမ်းပြင်မှာ အဆုံးသတ်ဖို့ သူ ကြိုးစားတယ်။ ဒါက ဇာတ်လမ်းရဲ့ နိဒါန်း။ စိတ်ဝင်စားစရာ အဖြစ်အပျက်တစ်ခုရဲ့ အစ။ ခန့်ဘုန်းထွတ်တစ်ယောက် ဘယ်လို အဖြစ်တွေကို ကြုံဆုံရဦးမလဲ ဆိုတာကတော့ …