ကျွန်မရဲ့ မိုးတိမ်

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
နတ်ဘုံနတ်နန်းလို ခမ်းနားတဲ့ အိမ်ကြီးတစ်အိမ်။ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ မွမ်းမံခြယ်သထားတဲ့ အိမ်ကြီးနဲ့ ကပ်လျက်မှာတော့ ပန်းရောင်စုံတွေ ဖူးပွင့်ဝေဆာနေတဲ့ ဥယျာဉ်ငယ်လေးနဲ့ ပန်းရနံ့တွေ လိမ်းကျံထားတဲ့ အိမ်ငယ်လေးတစ်အိမ် ရှိနေပါတယ်။ ပန်းတွေနဲ့ လွှမ်းဝေနေတဲ့ အိမ်ကလေးမှာ နေကြတာက သားအမိနှစ်ယောက်။ ဒေါ်သဇင်နှင်းနဲ့ ယွန်းနဒီနှင်းတို့ သားအမိ။ အမေက အသက် (၄၀) ဆိုပေမဲ့ (၃၀) လောက်လို့ ထင်ရလောက်အောင် နုပျိုတယ်။ သမီးကလည်း အသက် (၂၀) အရွယ် နုနုငယ်ငယ် ချစ်စဖွယ် မိန်းမလှလေးပေါ့။ အဲဒီ သားအမိနေတဲ့အိမ်နဲ့ ခြံချင်းကပ်လျက်က အိမ်ကြီးအိမ်ကောင်းဆီကို လူတစ်စု ပြောင်းလာခဲ့ကြတယ်။ လူကြီး လူငယ်အစုံအလင်ပေါ့။ တစ်ဖက်အိမ်ကို လူသစ်တွေ ရောက်ရှိလာကြတဲ့နေ့ကစပြီး သူတို့သားအမိရဲ့ ဘဝဟာ ပြောင်းပြန် လှန်ပစ်လိုက်သလို စိတ်ဆင်းရဲစရာ၊ ရင်ခုန်စရာ၊ စိတ်မချမ်းမြေ့စရာတွေနဲ့ ရင်ဆိုင်တိုးနေရလေ မလားဆိုတာကိုတော့ … အဲဒီတုန်းကတော့ သားအမိနှစ်ယောက်လုံး နည်းနည်းမှ မတွေးမိခဲ့ကြပါဘူး။ ဒေါ်သဇင်နှင်းနဲ့ ယွန်းနဒီနှင်းတို့ သားအမိ ဘယ်လို လူမျိုးတွေနဲ့ ဆုံရမလဲ … ဘယ်လို ရင်ခုန်သံတွေ ဖြစ်လာရမလဲ၊ ဘယ်လို အချစ်ဇာတ်လမ်းတွေ ရေးဖြစ်ကြမလဲ ဆိုတာ …