သူ၏ကိုယ်စား သင့်အားချစ်ခွင့်ပြုရန်

ကြည်နုခေတ်

500 Kyats ကျပ်
...ဂစ်တာတီးနေသော ကောင်လေးက ခပ်ပျော့ပျော့ ပါးပါး ဆံပင်တွေနှင့် ခေါင်းငုံ့ချထားတာမို့ မျက်နှာကို မမြင်ရပေမယ့် သီချင်းဆိုသောကောင်လေးရဲ့ မျက်နှာကိုတော့ မေ အသေအချာ မြင်လိုက်ရတော့သည်။ တစ်ချက်တစ်ချက် မျက်လွှာအချတွင် အရိပ်လို ထိုးကျသွားတဲ့ မျက်တောင်တွေက ယောက်ျားလေး တစ်ယောက်လို့ မထင်ရအောင် မည်းနက်ကော့ရွှန်းနေသည်။ နီစွေးနေသည့် ခပ်ထူထူ နှုတ်ခမ်းတွေနဲ့ လိုက်ဖက်လှသော မျက်နှာနုနုလေးက မီးရောက်အောက် မှာမို့လားမသိ၊ ဝင်းမွတ် သန့်စင်နေကြသည်။ “လှလိုက်တာ” မေတစ်ယောက်တည်း တီတိုး ရေရွတ်လိုက်မိ၏။ ဆွဲဆောင် ညှို့ငင်နိုင်စွမ်းရှိတဲ့ မျက်ဝန်းနက်တွေရယ်၊ ချိုအေးရှတတဲ့ သူ့အသံရယ်ကြောင့် အားလုံး သူ့သီချင်းမှာ စီးမျော လိုက်ပါသွားကြသည်။ ယောက်ျားလေးများပင် လည်ပြန်ကြည့်ရသော ထိုကောင်လေးသည် တကယ်တော့ နာမည်ကြီးအဆိုတော်လည်း မဟုတ်နိုင်ချေ။