ရည်းစားဟောင်းနှင့် ပေါင်းရပါစေ

ကြည်နုခေတ်

500 Kyats ကျပ်
ပရိသတ် အခိုင်အမာ ရရှိထားသူ အောင်မြင်တဲ့ ကဗျာဆရာမ ‘မြမြဖူး’ (မိဖူး) ရဲ့ ကဗျာတစ်ပုဒ်မှာ ‘ရည်းစားဟောင်းကို လှိမ့်ကန်ချင်တယ်’ ဆိုပြီး ထည့်ရေးလိုက်တာကို တစ်ဖက်က သူ့ စောင်းပြောတယ် ဆိုပြီး မျောက်မီးခဲ ကိုင်ထားသလို ဆွေ့ဆွေ့ခုန် ဖြစ်သွားတဲ့ ကျော်စည်သူ။ တက္ကသိုလ်မှာ သိပ်ချစ်ကြတဲ့ စုံတွဲအဖြစ် လူသိများခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်သူအဖြစ်က ပြတ်စဲသွားပေမယ့်၊ ကျော်စည်သူကတော့ သူ နိုင်ငံခြား ရောက်နေတုန်း မိဖူးရဲ့ ကဗျာတွေကို မပြတ် ဖတ်ဖြစ်ခဲ့သလို တစ်ဖက်က မိဖူးကလည်း … ။ လတ်တလောမှာ ရည်းစား အတည်တကျ မရှိ နံပါတ် မချိတ်ရသေးဘဲ သုံးဆယ်ကျော်ဆိုတဲ့ အရွယ်ကြောင့် လူပျိုကြီး ဂုဏ်ပုဒ်ကို ရထားတဲ့ ကျော်စည်သူဟာ ဆယ်ကျော်သက်တုန်းက ငြိမ်ကုပ်နေခဲ့ရသမျှ အတိုးချကဲပြီး လန်းလို့ ကောင်းနေဆဲ။ ရည်းစားဟောင်းနဲ့ ပေါင်းရ၊ မပေါင်းရ ဆိုတာကတော့ ချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးမို့ ဖတ်ကြည့်ပါဦးလို့နော်။