ပုံပြင်ထဲက ကောင်မလေး

ကြည်နုခေတ်

500 Kyats ကျပ်
ဖြိုးဆိုတဲ့ကောင်လေးက လူကတော့ နုံချာတယ်။ ဒါပေမဲ့၊ ကြီးကြီးကျယ်ကျယ်အတွေးနဲ့ သွေးနားထင်ရောက် စိတ်ကူးယဉ်နေတတ်တာမျိုးပဲ။ ချမ်းသာတဲ့ သူ့သူငယ်ချင်းရဲသီဟကို သူကအားကျတယ်။ သူကတော့ ဝပ်ရှော့က အလုပ်သမားသာသာရယ်။ ဒါပေမဲ့၊ ဝတ်ပုံစားပုံကတော့ ရှယ်သန့်ပြန့်တယ်။ စိတ်ကူးကလည်း သိပ်ယဉ်သလို ရည်မှန်းချက်တွေလည်း တစ်မျိုးပြီးတစ်မျိုး။ တစ်ရက်တော့၊ သူက သူငယ်ချင်းဖြစ်သူရဲ့ ကားအသစ်ကို စမ်းမောင်းကြည့်နေတုန်း ကောင်မလေးတစ်ယောက်ကို တိုက်မိမလိုဖြစ်သွားပါရော။ သူတိုက်မိမလိုဖြစ်တဲ့ ဆံပင်အနက်ရောင်ခပ်အုပ်အုပ်လေး၊ ထင်းနေတဲ့ မျက်ခုံးနက်နက်ကလေးတွေနဲ့ ခပ်စွာစွာ ကောင်မလေးကို ဖြိုး တစ်ယောက် ချစ်မိသွားတဲ့အခါ … သူ့ဘဝက ဘာတွေပြောင်းလဲကုန်မလဲဆိုတော့ !