ပေါက်ကျော်ဖို့ပုံ

ကြည်အေး

1000 Kyats ကျပ်
ဒီစာအုပ်ဟာ ပုံပြင်ချစ်သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စာအုပ်အပြင် ဆရာမကြီး ကြည်အေးရဲ့ မြန်မာပြန် လက်ရာကို ရှားရှားပါးပါး ဖတ်ခွင့်ရမယ့် စာအုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဒိန်းမတ်ပြည်သား ဟန်းစခရစ်တီယန်အန်း ဒါဆင် ရဲ့ ပုံပြင်သုံးပုဒ် အပါအဝင် အခြားပုံပြင်ကောင်း တစ်ပုဒ်ကိုပါ အမှတ်တရအဖြစ် စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ၁၉၅၃ ၊ ၁၉၅၄ ခုနှစ်တွေမှာ ရှုမဝနဲ့ မြဝတီ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ဖူးတဲ့ ဆရာမကြည်အေးရဲ့ ရှားပါး မြန်မာပြန် လက်ရာတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ပုံပြင်တစ်ပုဒ်ချင်းစီတိုင်းမှာ စာဖတ်သူရဲ့ ဦးနှောက်နဲ့ စိတ်ခံစားချက်တွေကို အလုပ်ပေးမယ့် အတွေးအခေါ် အစလေးတွေကို တွေ့ရမှာပါ။ ပုံပြင်ဖတ်ပြီး ကိုယ့်အတွက် တစ်ခုခု ကျန်ချင်တယ် ဆိုရင်တော့ အန်းဒါဆင်းရဲ့ ပုံပြင်တွေဟာ ဖတ်လို့လည်းကောင်း၊ တွေးလို့လည်းကောင်းလို့ ဆိုရမှာပါပဲ။