ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ်

ကြည်အေး

1000 Kyats ကျပ်
မိဘအရိပ်အောက် ထိန်းကျောင်းမှုနဲ့ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ရင်း ကိုယ့်ရင်ထဲက ဆန္ဒတွေကို အုံ့ပုန်းထိန်းသိမ်း လိုရာမပြေခဲ့သူတွေ၊ ဝါသနာနဲ့ မိဘရဲ့ အဆိုအမိန့်တွေကြား ဝေခွဲမရ ဖြတ်သန်းခဲ့ရသူတွေ အထွေထွေသော စိတ်တွေနဲ့ မြကျွန်ညိုညိုရဲ့ အရိပ်ကို ရောက်လာကြတဲ့ နုနယ်ပျိုမျစ်သော ဖူးငုံပွင့်သစ် နှလုံးသားများဟာ မိဘအရိပ်က လွတ်တဲ့ ကျောင်းတော်ရဲ့ ခေါင်းလောင်းသံအောက်မှာ ဘဝရဲ့ နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းကြသလဲဆိုတာ ဒီဝတ္တုမှာ ခံစားကြည့်နိုင်ကြပါတယ်။ နုနယ်ပျိုမျစ်ခြင်း၊ ဆန်းသစ်ခြင်း၊ လွတ်လပ်ရဲရင့်ခြင်း၊ ရင်ဖိုလှိုက်မောခြင်း၊ ပျော်ရွှင်စီးမျောခြင်း၊ နာကျင်ငိုရှိုက်ရခြင်း စတဲ့ ခံစားချက်အစုံ အတွေ့အထိအစုံနဲ့ ဆရာမကြီးကြည်အေးရဲ့ “ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ်”ဟာ ကျွန်းရိပ်ညိုညိုထက်ဆီက အရောင်အသွေးစုံတဲ့ ပန်းပွင့်လေးတွေအကြောင်း လှစ်ဟပြနေတာပါတယ်။ နောက်ပြီး ထုံးစံအတိုင်းပဲ ဆရာမကြီးကြည်အေး ရဲ့ သူမတူတဲ့ အတွေးအမြင်တွေနဲ့ ယက်ဖောက်ထားတဲ့ “ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ်”ဟာ ဘဝအတွက်၊ မိန်းမပျိုလေးများ အတွက် တစ်စုံတစ်ရာသော အတွေးအမြင်သစ်တွေကို ပေးစွမ်းနိုင်မှာကလည်း သေချာပါတယ်။