The Enneagram Of Personality

မြနှင်းရည်ရှိန်

1000 Kyats ကျပ်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီနေ့အချိန်ထိ Enneagram ဆိုတဲ့ ပညာရပ်ကို အကျွမ်းတဝင်မရှိသေးသူတွေ အများကြီးရှိပါတယ်။ ဒီလို မရင်းနှီးသေးသူတွေအတွက် ဒီစာအုပ်က အံကိုက်ပါပဲ။ စာအုပ်ထဲမှာ Enneagram ပညာရပ်အကြောင်းကို ဘယ်သူမဆို အလွယ်တကူ သဘောပေါက်ပြီး အကြမ်းဖျင်းလေ့လာနိုင်မှာဖြစ်သလို စာအုပ်ဖတ်ပြီးသွားရင်လည်း ပတ်ဝန်းကျင်က လူအမျိုးမျိုးရဲ့ စိတ်သဘာဝမျိုးစုံကို နားလည်လာနိုင်မှာ ဖြစ်ပါတယ်။ Enneagram ပညာရပ်ဟာ ကိုယ့်ကိုယ်ကိုယ် ရှိရင်းစွဲအနေအထားထက် ပိုပြီးတိုးတက်လိုသူတွေ၊ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေသူတွေအတွက် တကယ်ကို အထောက်အကူပြုနိုင်တဲ့ ပညာရပ်ပါ။ အဲဒီ ပညာရပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း မြင်တတ်လာသူတွေ၊ ကိုယ်တိုင် သတိမထားမိတဲ့ တစ်ဖက်သားကို တုံ့ပြန်ဆက်ဆံတဲ့ ကိုယ်ပိုင်အကျင့်တွေ၊ နည်းလမ်းတွေကို မြင်လာသူတွေ အများကြီးရှိပါတယ်။ ဖတ်ရှုလေ့လာစေချင်ပါတယ်။