အေဘရာဟင်လင်ကွန်း

မြနှင်းဆီ

1000 Kyats ကျပ်
သာမန်အရဆို စာမတတ်တဲ့ ကျေးတောနေ လယ်သမားမိဘက ပေါက်ဖွားလာတဲ့ သာမန်ကောင်လေးဟာ သမ္မတဖြစ်လာဖို့ဆိုတာ မယုံချင်စရာကောင်းတဲ့ ဖြစ်ရပ်ပါပဲ။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့ပါတယ်။ သူကတော့ ကမ္ဘာ့ထိပ်သီး စူပါပါဝါနိုင်ငံ နံပါတ် (၁) ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ (၁၆) ဆက်မြောက်သမ္မတ အေဘရာဟင်လင်ကွန်းပါပဲ။ ကျွန်တော်တို့ အတ္ထုပ္ပတ္တိစာအုပ်တွေကို ဘာကြောင့်ဖတ်ကြသလဲ??? အဖြေက ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေကတဆင့် သူတို့ငယ်ရွယ်စဉ်ကလေးဘဝ၊ နေထိုင်ပြုမူပုံ၊ စိတ်နေစိတ်ထားကစလို့ ထူးခြားတဲ့အမူအကျင့်၊ ခံယူချက်နဲ့ သဘောထား၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြသလဲ စတဲ့ အတုယူဖွယ်၊ လေ့လာရှောင်ရှားဖွယ်တွေကို သိလို၊ သင်ကြားလို၍ပဲဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ပိုပြည့်စုံကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ချင်တဲ့ စာချစ်သူရဲ့ ဆန္ဒကို အပြည့်အဝ ဖြည့်စွမ်းပေးနိုင်မှာပါ။ စာဖတ်ဝါသနာပါတဲ့ စာချစ်သူလည်း တစ်နေ့မှာ ကြီးမြင့်အောင်မြင်သူဖြစ်ဖို့ လင်ကွန်းထုံး နှလုံးမူပြီး ဆရာမမြနှင်းဆီရဲ့ အေဘရာဟင်လင်ကွန်းကို အခုပဲ ဖတ်လိုက်ပါတော့နော်။