တသက်နှစ်ဘဝ

မြမြစိမ်း

800 Kyats ကျပ်
သက်ထွန်းက ခေါင်းမှာဒဏ်ရာနဲ့ ငပလီကို ရောက်နေရာကစတယ်။ သူ့အကြောင်းကိုတောင် သူသိပ်မမှတ်မိချင်ဘူး။ မှတ်မိတာက သူ့ဇနီး ဖြူ။ တစ်ဖက်မှာလည်း ဖြူရဲ့ အစ်ကိုက သက်ထွန်းကို ဒေါသထွက်နေတယ်။ နှင်းဝေနဲ့ ချိန်းပြေးပြီလို့ ထင်နေတာ။ သက်ထွန်းရဲ့ ဇနီးဖြူကလည်း အဲဒီလို ထင်နေတာပဲ။ အဲဒါကလည်း ပြောရရင် နှင်းဝေရဲ့ရည်းစားဆိုသူ လာရောင်းသွားတဲ့ စာတစ်စောင်ကြောင့်ပဲ ! အတိတ်ကို ပြန်ကြည့်ရင် ခင်ဖြူဖြူဇောတို့ မောင်နှမတွေက အထက်တန်းအလွှာက။ တင်တင်စီးစီးရှိကြတယ်။ သက်ထွန်းကတော့ ထူးချွန်တဲ့ မွေးမြူရေးလုပ်သားလေးပေါ့။ အစတုန်းက သူတို့တွေက သိပ်မတည့်ပေမဲ့၊ နောက်ပိုင်း ခင်ဖြူဖြူဇောရင်ထဲမှာ သက်ထွန်းအတွက် အကြင်နာတွေပေါက်ဖွားလာတော့တာပဲ။ နှင်းဝေနဲ့လည်း အူတိုမိနေသေးတယ်။ အဲဒီလိုအခြေအနေတွေကနေ ဖြူနဲ့သက်ထွန်းတို့ ဘယ်လိုများ ရွှေလက်တွဲကြမှာလဲ ? တသက်နှစ်ဘဝဖြစ်ဖို့ ဘယ်အရာတွေများ လိုအပ်ကြလိမ့်မလဲ ...