ဝေးလွင့်ငှက်တို့၏ ကောက်ကြောင်းရာဇဝင်

မွသန်တာ

800 Kyats ကျပ်
ခြူးနေနီက ရွာလေးတစ်ရွာကို ကလေးတစ်ယောက်နဲ့ ဘယ်ကရောက်လာမှန်း မသိတဲ့မိန်းကလေး။ နောက်တော့၊ အဲဒီမှာပဲနေရင်း ရွာရဲ့ ကျောင်းဆရာမဖြစ်သွားတယ်။ သူ့ကိုချစ်မိသွားတာက ဒေါက်တာစွမ်းထက်။ ချမ်းသာတဲ့မိန်းကလေးတွေ၊ အချောအလှလေးတွေ ဝိုင်းနေခဲ့ပေမယ့် သူက ကလေးတစ်ယောက်နဲ့ခြူးကိုပဲ စိတ်ဝင်စားနေခဲ့တယ်။ ခြူးကို စွမ်းထက်ချဉ်းကပ်ပုံတွေက လူကြီးလူကောင်းဆန်သလို၊ ခြူးရဲ့ ပါးနပ်မှူကိုလည်းမြင်တွေ့ရတာက တော်တော်လေး ဖတ်လို့ကောင်းပါတယ်။ နောက်တော့ ခြူးရဲ့အတိတ်က အဖြစ်အပျက်တွေ၊ သူ့သားလေးအကြောင်း၊ ပြီးတော့ စွမ်းထက်နဲ့ နီးစပ်လာတဲ့အခါ ! ရင်ထဲမှာ ကြည်နူးမှုကို ခံစားရနိုင်တဲ့ ဝတ္ထုမို့ ညွှန်းလိုက်ပါတယ်နော်။