ပေးဆပ်ခြင်းဖြင့် မေတ္တာပန်းတို့လန်းပါစေ...

မွသန်တာ

700 Kyats ကျပ်
နေလင်းထွန်းနဲ့ ဇော်ကိုကိုတို့ဟာ နယ်စပ်မှာ အတူတူ အလုပ်လုပ်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် အတော်ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေအဖြစ် ရှိခဲ့ကြတယ်။ အလုပ်တစ်ခု အောင်မြင်ချိန်မှာ နေလင်းထွန်း ငှက်ဖျားမိပြီး ဆေးရုံတက်ခဲ့ရတယ်။ ဒီအချိန်မှာပဲ ဇော်ကိုကိုဟာ ငွေကြေးတွေနဲ့အတူ ပျောက်သွားခဲ့တာကြောင့် နေလင်းထွန်းဟာ ဆေးရုံဆင်းပြီးကတည်းက ဇော်ကိုကို,ကို နေရာအနှံ့ လိုက်ရှာခဲ့တယ်။ ဒါပေမဲ့ ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ ဒါနဲ့ပဲ နေလင်းထွန်းလည်း ဇော်ကိုကို ပေးခဲ့ဖူးတဲ့ သူ့ဇာတိလိပ်စာအတိုင်း စုံစမ်းပြီး လိုက်လာခဲ့ပါတယ်။ ပန်းမိုမိုနဲ့ ချစ်ပိုပိုဆိုတဲ့ ဇော်ကိုကိုရဲ့ ညီအစ်မနှစ်ယောက်ရယ်၊ ဇော်ကိုကိုရဲ့ မိခင်အိုကြီးရယ်သာ တောရွာကလေးမှာ ဒုက္ခမျိုးစုံနဲ့ လုပ်ကိုင်စားသောက်နေရပြီး ဇော်ကိုကိုကတော့ အိမ်ပြန်မလာတာ တစ်နှစ်လောက် ကြာပြီမှန်း သိခဲ့ရတယ်။ ပြီးတော့ ဇော်ကိုကိုရဲ့ အကြောင်းစုံကိုလည်း ပန်းမိုမို ပြောပြလို့ သိခဲ့ရတဲ့ နေလင်းထွန်းတစ်ယောက် ဇော်ကိုကိုတို့အိမ်မှာ သောင်တင်ရင်း ချောမောလှပပေမဲ့ ဘဝကြမ်းရှာတဲ့ ပန်းမိုမိုကို ချစ်မိခဲ့ပါတယ်။ အဲ့ဒီနောက် … ဇော်ကိုကိုတစ်ယောက် ဘယ်လိုပုံစံနဲ့ အိမ်ပြန်လာမလဲ၊ ပန်းမိုမိုနဲ့ ချစ်ပိုပိုတို့ ညီအစ်မရယ်၊ နေလင်းထွန်းရယ်၊ အမေအိုကြီးရယ်၊ ဘယ်လို ရှေ့ဆက်ကြမလဲ၊ ဒီမိသားစုရဲ့ ဇာတ်လမ်းကို နေလင်းထွန်း ဘယ်လို ဖြေရှင်းမလဲ။