အကြင်နာများရဲ့ အမှတ်တရ စာကြွင်း

မွသန်တာ

700 Kyats ကျပ်
>> အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီထဲမှာမှ မိဘပေးစားလို့ ပြုလိုက်ရတဲ့ အိမ်ထောင်က ပိုဆိုးပါတယ်။ ချစ်လည်းမချစ်၊ တာဝန်အရဆိုတဲ့ အနေအထားမျိုးဆိုတော့ တကယ်မလွယ်ပါဘူး။ အခုလည်း မိဘတွေဆန္ဒကို အလိုလိုက် မလှုပ်မယှက် ကျောက်ဆစ်ရုပ်တစ်ရုပ်လို နေထိုင်နေရရှာတဲ့ ဒေါက်တာ ‘တျာချိုလွင်’ ။ >>> တစ်ဦးတည်းသော အမေကြောင့် ကိုယ်မမြင်ဖူးတဲ့ အမျိုးသမီးနဲ့ လက်ထပ်ဖို့ သဘောတူလိုက်တဲ့ ‘ထာဝရမောင်’ ။ သူဟာချိုချိုသာသာမရှိ၊ ‘တျာချိုလွင်’ နဲ့ စ,တွေ့တဲ့နေ့မှာတင် စကားပြောတာ အဆီအငေါ်မတည့်။ ‘တျာချိုလွင်’ ကလည်း သိပေမဲ့ ဘာမှပြန်မပြော။ စိတ်မဝင်စား။ ဒီလိုမျိုး ရင်းနှီးမှု နည်းနည်းကလေးတောင် မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ဘယ်လိုရှေ့ဆက်ပြီး၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆရာမမြသန္တာရဲ့ ဇာတ်လမ်းထဲမှာ စီးမျော ခံစားကြည့်လိုက်ရအောင်နော်!