အားလုံးထက်ပိုချစ်မယ်

မွသန်တာ

800 Kyats ကျပ်
သံစဉ်က တက္ကသိုလ်ကျောင်းသူလေး။ နည်းနည်းတဇွတ်ထိုးနိုင်တယ်။ သူ့ကို အမေက တိရစ္ဆာန်ကု ဆရာဝန်တစ်ဦးနဲ့ သဘောတူထားတယ်။ တစ်နေ့တော့ သံစဉ်က ဘဘဆိုတဲ့လူ၊ အရင်တုန်းက အိမ်နီးချင်းဖြစ်ဖူးသူနဲ့အတူ တောင်ကြီးကို လိုက်လာခဲ့ပါတယ်။ အမေက၊ ဘဘ ဆိုတဲ့လူကို မုန်းနေတယ်ဆိုတာ သူသိတယ်။ ဘာကြောင့်လဲဆိုတာကို မသိတာ ! နောက်ပြီး သံစဉ်စိတ်ထဲမှာ တိ/ကုဆရာဝန် နွေဦးမောင်က နေရာယူထားသေးတယ်။ တောင်ကြီးရောက်တော့ ငယ်ငယ်တုန်းက ချစ်ခင်ခဲ့ကြတဲ့ ကိုကြီး၊ ကိုလတ်၊ ကိုငယ်တို့နဲ့ တွေ့ဖြစ်တယ်။ အဲဒီထဲမှာမှ ကိုငယ်နဲ့ သံစဉ်က စကားပြောရ ပိုအဆင်ပြေတယ် ဆိုပါတော့။ ကိုလတ်ကတော့ လက်ရဲဇက်ရဲနိုင်ပြီး သံစဉ်နားကို အတင်းကပ်နေတယ်။ ကိုငယ်ပြောတာကတော့ “ကိုလတ်က နင့်ကို ယူတာတောင် နင် စိတ်မချမ်းသာပါဘူး မိသံရာ” တဲ့။ အဲဒီလို အဖြစ်အပျက်တွေကြားမှာ သံစဉ်တစ်ယောက် ဘာတွေကြုံရဦးမလဲ ? သူ့အမေ ဒေါ်စိမ်းသူနဲ့ ဘဘတို့ကြားထဲမှာရော ဘာတွေဖြစ်ပျက်ခဲ့တာလဲ ? အားလုံးထက်ပိုချစ်ခံရမယ့်သူက ဘယ်သူဖြစ်နေမလဲဆိုတော့ !