အသည်းထဲမှာ တမာပျားရည်

မွသန်တာ

800 Kyats ကျပ်
>> ဆရာမ မြသန္တာရေးသားတဲ့ ဝတ္ထုတွေရဲ့ သုံးပုံနှစ်ပုံလောက်က ဖြစ်ရပ်မှန် ဇာတ်လမ်းကျောရိုးနဲ့ စိတ်ကူးကို ပေါင်းစပ်ပြီးရေးသားတဲ့ ဝတ္ထုတွေပါပဲ။ ဒီဝတ္ထုကလည်း ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို ကျောရိုးယူပြီးရေးသားထားတာပါ။ ဓနုစကား အသုံးအနှုန်းတွေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ တေးကဗျာ စကားဝှက်တွေကို သေချာရှာဖွေလေ့လာပြီး ဖန်တီးထားတာပါ။ ဇာတ်လမ်းထဲမှာ မခမ်းဆင့်နဲ့ နောင်လက်မွန်တို့ကို ဦးစိုင်းထွန်းတို့ လင်မယားက မွေးစားထားတယ်။ >> နောင်လက်မွန်က ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်တယ်။ အောင်ပြီးတော့ တက္ကသိုလ်ဆက်တက်ဖို့ထက် ရာဘာစိုက်ဖို့ ခြံဝယ်ခိုင်းတယ်။ သူ့ရဲ့စိတ်ထဲမှာကလည်း လက်စားချေလိုစိတ်တွေရှိနေတယ်။ ဖခင်အရင်း ဖြစ်သူနဲ့ ညီမလေး မိနီသေဆုံးခဲ့ရတာ လူတစ်ယောက်ကြောင့်လို့ စွဲမှတ်ထားတယ်။ သူမသိခဲ့တာက သူ့ရာဘာခြံကို မွေးစားမိဘတွေက သူမုန်းတဲ့လူဆီက ပိုက်ဆံချေးပြီး ဝယ်ယူပေးထားတယ်ဆိုတာပါပဲ။ ဒီလိုအစပြုထားတဲ့ ဝတ္ထုက နောက်ပိုင်းမှာ ဇာတ်ရှိန်အရမ်းတက်လာပြီး စာဖတ်သူရဲ့ရင်ကို ဖြည်းဖြည်းချင်း သိမ်းပိုက်သွားပါတော့တယ်။