အမှားပြင်ခွင့်ပေးပါ

မွသန်တာ

700 Kyats ကျပ်
လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ အမှားကိုယ်စီနဲ့ လူဖြစ်နေကြတဲ့ လူတွေကြားမှာ သေးငယ်တဲ့အမှားရယ်၊ ကြီးမားတဲ့အမှားရယ်၊ ခွင့်လွှတ်နိုင်တဲ့အမှားရယ်၊ ခွင့်မလွှတ်နိုင်စရာ အမှားရယ်၊ ပြင်ဆင်ခွင့်ရှိတဲ့အမှားရယ်၊ ပြင်ဆင်ခွင့်မရှိတဲ့အမှားရယ်၊ ဒါပဲ ကွာခြားပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဆုစံမှီဟာ ဦးကျော်ခေါင်နဲ့ ဒေါ်မိမိဆွေတို့ရဲ့ မွေးစားသမီးလေးပါ။ မွေးစားသမီးဆိုပေမဲ့ သူတို့က ဆုစံမှီကို သမီးအရင်းနဲ့မခြား ချစ်ကြပါတယ်။ ခက်တာက ဦးကျော်ခေါင်တို့ရဲ့ သားအရင်း ရဲဝင့်ခေါင်။ သူက ဆုစံမှီကို နည်းနည်းမှ ကြည့်မရဘူး။ သားအရင်းထက် မွေးစားသမီးကို ပိုချစ်ပြနေတယ်ဆိုပြီး မိဘကိုလည်း အမြင်မကြည်။ ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေ၊ အမုန်းတွေ၊ ရန်ပွဲတွေနဲ့ပဲ ဖြတ်သန်းလာခဲ့ကြတဲ့ သားအရင်းနဲ့ မွေးစားသမီးတို့ရဲ့ ဆက်ဆံရေးက ဘဝအချိုးအကွေ့တစ်ခုကို ရောက်ပြီး မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကို ပြောင်းလဲသွားတဲ့အခါ၊ ဒီဇာတ်လမ်းမှာ မှားနေတာက ဘယ်သူလဲ၊ အမှားပြင်စေချင်တာက ဘယ်သူလဲ၊ မှားနေတဲ့သူကရော သူ့အမှားကို ပြင်ခွင့်ရှိပ့ါမလား။ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်ကြရမယ့် အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ပဲ ညွှန်းလိုက်ပါရစေနော်။