အတာမသိလိုက်တဲ့ဝေဒနာ

မွသန်တာ

800 Kyats ကျပ်
မင်းညီနဲ့ပိတောက်ဝေတို့က သိပ်ချစ်ကြတာ။ ဒါပေမဲ့ ပိတောက်ဝေက မြေပြန့်သူဖြစ်တယ်ဆိုတာနဲ့ ပန်းအလှဆင်တယ် ဆိုတာကလွဲလို့ သူ့အကြောင်းကို မင်းညီ မသိရဘူး။ အချိန်ကာလတွေ ဖြတ်သန်းပြီးတဲ့နောက် မြေပြန့်သူလေး ပိတောက်ဝေက တောင်ပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါ၊ မင်းညီ သည်းမခံနိုင်ဘဲ လိုက်ရှာခဲ့ပေမဲ့ ဝေ့ကို မတွေ့ခဲ့ရပါဘူး။ သူတွေ့ခဲ့ရတာကတော့ ပိတောက်ငယ်ဆိုတဲ့ ကောင်မလေးပါ။ ပိတောက်ငယ်က ပိတောက်ဝေနဲ့ သိပ်တူတယ်တဲ့ ! ငယ်နဲ့တွေ့ရတဲ့အချိန်ကလည်း ဝေနဲ့တွေ့ခဲ့ရသလို သင်္ကြန်ကာလအတွင်းဖြစ်နေတော့ ဒါဟာ ကံကြမ္မာရဲ့လှည့်စားမှုများလား ? ငယ်နဲ့ ဝေ ကဆွေမျိုးချင်းများ နီးစပ်နေမလားဆိုတာ သိပ်ကို စိတ်ဝင်စားဖို့ကောင်းလာတယ်။ တောင်ပေါ်သားလေးနဲ့ မြေပြန့်သူလေးတို့ရဲ့ ရင်ခုန်သံချင်းအားပြိုင်မှုတွေက ဘယ်လောက်အထိ စွဲမက်နှစ်သက်ဖို့ ကောင်းနေမလဲဆိုတော့ ကိုယ်တိုင်သာ ဖတ်ရှုခံစားကြည့်လိုက်ပါနော်