အချစ်ဖြင့်သာပျော်စေသတည်း

မွသန်တာ

800 Kyats ကျပ်
ဉာဏ်ပြည့်စုံ (ဒါမှမဟုတ်) ဉာဏ်ကျယ် လို့ အများကခေါ်ကြတဲ့ကောင်လေးက သွက်လက်တယ်။ တောင်ပေါ်ဒေသလေးမှာနေပေမယ့် အသိဉာဏ်ကြွယ်တယ်၊ ကွန်ပျူတာဝါသနာပါတယ်၊ သင်ယူမှု အားကောင်းတယ်။ အဲဒီကောင်လေးကိုမှ ခင်တွယ်မိသွားတာက ဆရာဝန်မင်းစံရွှေ။ သူက လူပျိုကြီး။ ဉာဏ်ကျယ်ကို စတွေ့ကတည်းက မွေးစားချင်သွားတာ။ ဒီတော့ ပညာတွေသင်ပေးတယ်။ ဉာဏ်ကျယ်ရဲ့ မိသားစုကသနားဖို့ကောင်းတယ်။ အဖေက မင်းစံရွှေကုပေးနေရင်း ဆုံးသွားတယ်။ အမေဖြစ်သူ ဖူးပြည့်ကလည်း အဖေဖြစ်သူကို မယူချင်ပဲယူခဲ့ရ၊ ယောက္ခမ လည်းမကြည်ဖြူနဲ့။ ဒါပေမယ့် မာနတော့ ကြီးတယ်။ နောက်တော့ မင်းစံရွှေ ရန်ကုန်ကို ပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်း မင်းစံရွှေနဲ့ ဉာဏ်ကျယ်တို့ ဘယ်လိုတွေ အဆက်အသွယ်အချိတ်အဆက်ရှိမလဲ။ ဉာဏ်ကျယ်ကို အကြောင်းပြုပြီး မင်းစံရွှေနဲ့ ဖူးပြည့်တို့ ဘယ်လိုအဖြစ်သနစ်တွေ၊ နှလုံးသားရေးရာတွေကို ကြုံတွေ့ရမလဲဆိုတာ ဒီဝတ္ထုထဲမှာ ခံစားဖတ်ရှုရမှာပါ။