လမိုက်ညရဲ့ ကြယ်ပွင့်လေး

မွသန်တာ

700 Kyats ကျပ်
ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဆိုတဲ့ စကားကို ကြားဖူးတယ်ဟုတ်! စာချစ်သူတို့လည်း လူတစ်ယောက်အပေါ် ကြိုက်တာထက် ပိုပြီး ချစ်တဲ့စိတ် ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒီအခါ အဲဒီလူနဲ့ ပတ်သက်လာရင် ဣနြေ္ဒ၊ သိက္ခာ၊ မာနတွေကို မေ့ပြီး အချစ်ရဲ့ ဆွဲငင်အားမှာ ပျော်ဝင်သွားတတ်ကြတယ်။ လူရှေ့သူရှေ့မှာ သတိလက်လွတ်နဲ့ သူ့မျက်နှာကို ငေးမိသွားတာတို့၊ သူ့အကြောင်းတွေးရင်း တစ်ယောက်တည်း ပြုံးနေမိတာတို့၊ သူနဲ့ စကားပြောရင် ခြေမကိုင်မိ လက်မကိုင်မိ အယောင်ယောင်အမှားမှား ဖြစ်တာတို့၊ အများကြီးပါပဲ။ ဒီဇာတ်လမ်းထဲက ပန်းနုလွှာဆိုတဲ့ မိန်းကလေးကလည်း ဒီလိုပဲဗျ။ လူကြီးတွေရဲ့ စီမံမှုကြောင့် ဆုံတွေ့ဖြစ်ခဲ့တဲ့ ဒေါက်တာစိုင်းလင်းစံ ဆိုသူ လူချောတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားတယ်။ ပန်းနုလွှာက အသက်ငယ်သေးပေမယ့် တည်တည်ငြိမ်ငြိမ်၊ က္ကုနြေ္ဒရှိရှိ နေတတ်တဲ့ ကောင်မလေးပါ။ ဒါပေမဲ့ ဒေါက်တာရှေ့ ရောက်တဲ့အခါမျိုးဆိုရင်တော့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး။ မိသားစုရှေ့မှာတောင် ရှက်ရမှန်းမသိတော့ဘဲ ဒေါက်တာ့ကို ချစ်တယ်လို့ တဖွဖွ ပြောရဲတဲ့ သတ္တိ ရှိလာပြီ။ ဒါပေမဲ့ … ဇာတ်လမ်းက ဒီလောက်မရိုးရှင်းပါဘူး။ ပန်းနုလွှာမှာ ပွင့်ခက်ဝေဆိုတဲ့ အစ်မတစ်ယောက်ရှိတယ်။ ပန်းနုလွှာက ဒေါက်တာ့ကို ရူးရူးမူးမူး ချစ်မိပေမဲ့ ဒေါက်တာ ချစ်တဲ့သူက ပန်းနုလွှာမဟုတ်ဘဲ ပွင့်ခက်ဝေ ဖြစ်နေတဲ့အခါမှာတော့ …