မမုန်းရဲအောင်ချစ်တဲ့သူ

မွသန်တာ

800 Kyats ကျပ်
“ဒီလိုပဲ ဘဝတစ်ခု တက်လမ်းအတွက် ရင်းနှီးမှု စွန့်စားမှုတွေက လုပ်ရတာပဲ၊ တွယ်ငြိခြင်းဆိုတာက လူ့ခြေလှမ်းတွေ အားတွေကို ရပ်တန့်အောင် လုပ်လိုက်တာပဲ၊ ဘာကိုမှ တွယ်ငြိမနေနဲ့တော့ လူလေးရယ်" [ဌေးဦးခင်] “မတူဘူး အစ်မဆိုတာ မိန်းမပေမဲ့ ကျွန်တော်မုန်းတဲ့ မိန်းမတွေထဲမှာ အမေနဲ့ အစ်မနဲ့ မပါဘူးလေဗျာ၊ အို … ကျွန်တော် မပြောတတ်ဘူးဗျာ” [ညိုထွန်းလူ] >> ညိုထွန်းလူက မိခင်ဆုံးပြီးကတည်းက သူ့အိမ်ကို မကပ်တော့။ သူငယ်ချင်းဖြစ်သူ အမွှာနှစ်ယောက်အိမ်မှာ အမြဲသွားနေတယ်။ အမွှာနှစ်ယောက်ရဲ့ အစ်မဖြစ်သူ ဌေးဦးခင်အပါအဝင် တစ်အိမ်လုံးက ညိုထွန်းလူကို လူလေးဆိုပြီး ချစ်ကြတယ်။ အဲဒီထဲမှာမှ ညိုထွန်းလူက ဌေးဦးခင်နားပဲ ကပ်တယ်။ မိန်းမတွေကို မုန်းတဲ့ကောင်လေးက ဌေးဦးခင်ကိုတော့ မမုန်းရှာဘူး ... >> တစ်နေ့သူတို့ စာသင်ဝိုင်းထဲ မီမီမာမင်းဆိုတဲ့ ကောင်မလေးတစ်ယောက် သူ့ကို လက်မခံပေမဲ့ ရအောင်အတင်းဝင်တယ်။ အဲဒီဂယက်နောက်ဆက်ဆွဲ အနေနဲ့ ညိုထွန်းလူက ဘော်ဒါဆောင်သွားနေရတဲ့အထိ ဖြစ်ကုန်ရော။ အဲဒါနဲ့ ... နှစ်တွေဖြတ်သန်း၊ ရင့်ကျက်တဲ့အရွယ်ကို ရောက်လာတဲ့အခါ လူလေးနဲ့ဌေးဦးခင်တို့ ငယ်ငယ်ကတည်းက ထားရှိခဲ့တဲ့ သံယောဇဉ်က ရင်ခုန်သံတွေအဖြစ် ဆက်လက်ပြီး ဘယ်လိုမြင်တွေ့ရဦးမလဲ ? ဘယ်သူဟာ ဘယ်သူ့ရဲ့ မမုန်းရဲအောင်ချစ်ရသူ ဖြစ်နေမလဲဆိုတော့