ပန်းသစ္စာ၏ ပဲ့တင်သံ

မွသန်တာ

700 Kyats ကျပ်
စံနန်းယသော် ဆိုတဲ့ မိန်းမလှလေးဆီ အမျိုးအစားစုံ ပန်းလှလှကလေးတွေကို တိတ်တခိုး ပို့ပေးနေတတ်တဲ့ ကိုကောင်း။ ကိုကောင်းက ပန်းတွေကို ချစ်တယ်။ ဒါကြောင့် ချစ်တဲ့သူကိုလည်း သူချစ်တဲ့ ပန်းကလေးတွေနဲ့ ခံစားချက်ကို ထုတ်ဖော်ပြတယ်။ ရုပ်ချောပေမဲ့ စိတ်သဘောထား မမှန်ကန်တဲ့ မင်းနိုင်ထူးက ကိုကောင်း သူငယ်ချင်း။ စံနန်းယသော်မှာ စံသော်မော်နန်းဆိုတဲ့ ညီမချောချောလေး တစ်ယောက်လည်း ရှိသေးတယ်။ ဒီဇာတ်လမ်းမှာ စံနန်းယသော်ကို တိတ်တခိုး ချစ်နေတဲ့ ကိုကောင်းကပဲ ချစ်သူရဲ့ ချစ်ခြင်းကို ပိုင်ဆိုင်ရမလား၊ ရုပ်ချောပြီး စာရိတ္တ ပျက်ပြားနေတဲ့ မင်းနိုင်ထူးကပဲ လှည့်စားလေမလား။ စံသော်မော်နန်းကရော အချစ်ကို ဘယ်လို သဘောထားမလဲ၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အချစ်ဝတ္ထု ကောင်းကောင်းလေးကိုမှ ဖတ်ချင်သူတွေအတွက် ဆရာမ မြသန္တာရဲ့ ပန်းသစ္စာ၏ ပဲ့တင်သံ အချစ်လုံးချင်းဝတ္ထုရှည်လေးကို စာချစ်သူတွေအတွက် တင်ဆက်လိုက်ပါပြီ။