ချစ်ခြင်း၏ပဲ့တင်သံ

မွသန်တာ

700 Kyats ကျပ်
မိဘတွေ ကွယ်လွန်သွားတဲ့နောက်မှာ ကွန်အုပ်က မိဘလက်ငုပ်လက်ရင်း အလုပ်ဖြစ်တဲ့ ရှောက်ပျားရည်လုပ်ငန်းကို လုပ်ကိုင်ရင်း တစ်နေ့မှာတော့ မထင်မှတ်တဲ့ ကြမ္မာဆိုးက မွှေနှောက်ခဲ့တယ်။ ရွှေကျင်ချောင်းကနေ ပဲခူးမြစ်အတိုင်း ကုန်ပစ္စည်းတွေ တင်ပို့တဲ့ စက်လှေမှောက်ပြီး အချစ်ဆုံးသူငယ်ချင်း အေးမောင် သေဆုံးခဲ့တဲ့အပေါ် ဖြေမဆည်နိုင် ဖြစ်နေပေမဲ့ သူ့ချစ်သူကတော့ ကွန်အုပ်ရဲ့ သောကကို နားလည်မပေးဘဲ အေးမောင်ရဲ့ ကျန်ရစ်တဲ့ မိန်းမနဲ့ ကွန်အုပ်ကို သဝန်တိုနေခဲ့တယ်။ ကလေးတစ်ယောက်နဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ သူငယ်ချင်းရဲ့ မိန်းမကို တတ်နိုင်သမျှ စောင့်ရှောက်နေတဲ့အပေါ် မိန်းမသဘာဝအရ နားလည်မှုလွဲပြီး သဝန်တိုတာ ဆိုပေမဲ့ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသလို ဒီသဝန်တိုမှုကပဲ သူတို့ရဲ့ ချစ်သူဘဝကို မပြေမလည် ဖြစ်လာစေပါတော့တယ်။ အချစ်ဇာတ်လမ်းဆိုပေမဲ့ လူ့သဘာဝ၊ လူ့စရိုက်တွေကို ပီပီပြင်ပြင် ဖွဲ့ပြထားသလို ဘဝရသ အဖြစ်အပျက်တွေကိုလည်း ဖွင့်ထုတ်ဖော်ပြထားတာမို့ ရသမြောက်ဝတ္ထု ဖတ်ချင်သူတွေ အတွက် နှစ်သက်စရာပါ။ ဇာတ်လမ်း အပြည့်အစုံကိုတော့ စာအုပ်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။