နေခြည်စောင့်သော ပန်းတစ်ပွင့်

မွသန်တာ

700 Kyats ကျပ်
ဂုဏ်၊ ငွေ၊ ပကာသနအကြား လူတန်းစားကွာခြားမှု ပြဿနာတွေဆိုတာ ခေတ်အဆက်ဆက် ရှိခဲ့ပါတယ်။ ခုလည်း ရှိနေပါတယ်။ နောင်လည်း ရှိနေပါဦးမယ်။ ဒီပြဿနာတွေကြောင့် ချစ်လျက်နဲ့ ကွေကွင်းရတဲ့ ချစ်သူပေါင်းများစွာရဲ့ မျက်ရည်တွေက မြစ်ကြီးလေးသွယ်၊ မြစ်ငယ်ငါးရာ၊ သမုဒ္ဒရာရေမက များခဲ့ကြမယ်လို့တောင် ထင်ပါရဲ့။ ဒီလို အဖြစ်အပျက်တွေကို ကဗျာ၊ ဝတ္ထု၊ သီချင်း၊ ရုပ်ရှင်၊ ပြဇာတ်တွေအဖြစ် အနုပညာသမားတွေက ဇာတ်လမ်းအမျိုးမျိုး၊ တင်ပြပုံ အဖုံဖုံနဲ့ ဖန်တီးပုံဖော်ခဲ့ကြပါတယ်။ ဆရာမ မြသန္တာရဲ့ ဒီဝတ္ထုဇာတ်လမ်းလေးကလည်း ဂုဏ်ပကာသနအကြား သောကများခဲ့ရတဲ့ ချစ်သူနှစ်ယောက်အကြောင်း ဇာတ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်တစ်ပုဒ်ပါ။ ငွေရှိတဲ့သူက ငွေအကြောင်းပြ၊ ဂုဏ်ရှိတဲ့သူက ဂုဏ်အကြောင်းပြပြီး မမျှတတဲ့ ဘဝနှစ်ခု ဝေးကွာစေဖို့ ဖန်တီးကြတဲ့အခါ ဘယ်သူက ကျန်ရစ်သူဖြစ်ပြီး ဘယ်သူက ခွဲခွာသူ ဖြစ်လေမလဲ။ ဂုဏ်ဓနအသိုင်းအဝိုင်းအကြား နှလုံးသား ကွဲကြေခဲ့ရတဲ့ ချစ်ပွင့်လွှာဆိုတဲ့ မိန်းမသားတစ်ယောက်အကြောင်း လွမ်းမောစွာ ခံစားဖတ်ရှုကြရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။