သက်တံရောင်စဉ် အချစ်များဖြင့်

မွသန်တာ

700 Kyats ကျပ်
ဥစ္စာပေါ ရုပ်ချောတဲ့ ဇော်မင်းဦးဆိုတာ ကျောင်းမှာရော၊ ရပ်ကွက်ထဲမှာပါ နာမည်ကြီး။ ဒီရပ်ကွက်ထဲက ဇော်မင်းဦးတို့ အိမ်အနားကို မိသားစုတစ်စု ပြောင်းလာကြတယ်။ ဒီမိသားစုထဲမှာ ချစ်စနိုးဖြူဆိုတဲ့ ကောင်မလေးတစ်ယောက် ပါတယ်။ ပြောင်းလာပြီး မကြာခင်မှာပဲ ဇော်မင်းဦးက ချစ်စနိုးဖြူကို ချဉ်းကပ်တော့တာပေါ့။ အပျိုပေါက်မလေး ချစ်စနိုးဖြူတစ်ယောက် ချောမောခန့်ညားတဲ့ ဇော်မင်းဦးရဲ့ ရင်ခုန်စရာ အပြုအမူ အပြောအဆိုတွေကို တိမ်းညွတ်နေမိချိန်မှာ ဇော်မင်းဦးနဲ့ ရုပ်ချင်းဆင်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ ဇော်မင်းဦးရဲ့ ညီဖြစ်ပေမဲ့ မတူညီတဲ့ အကျင့်စရိုက်တွေနဲ့ လူတစ်ယောက်။ ဒီနောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေ ရှိမလဲဆိုတာ ချစ်စနိုးဖြူ စဉ်းစားမရ ဖြစ်နေမိတယ်။ ဒီ့နောက်မှာတော့ ကိုဦးနဲ့ ကိုထူးဆိုတဲ့ ညီအစ်ကို နှစ်ယောက်ကြား ချစ်စနိုးဖြူဆိုတဲ့ အပျိုစင် နှလုံးသားလေး လွန်ဆွဲတဲ့အခါ ဘယ်သူက အားသာမလဲ။ မိဘတွေရဲ့ ကြည်ဖြူမှုကို ဘယ်သူက ရရှိမလဲ။ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ဇာတ်အိမ်ခိုင်ခိုင် ခြယ်မှုန်းရေးသားထားတဲ့ ဆရာမ မြသန္တာရဲ့ အချစ်ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုခံစားကြည့်ပါဦး။