ရှားလော့ဟုမ်း၏ မှတ်တမ်းများ

မြသန်းတင့်

1100 Kyats ကျပ်
စာဖတ်သူတချို့အနေဖြင့် ဆာအာသာကိုနင်ဒွိုင်းနဲ့ သူ့ရဲ့ ဇာတ်ကောင် စုံထောက်ကြီး ရှားလော့ဟုမ်းကို မသိရင်သာ ရှိပါမယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား၊ ဒဂုန်ရွှေမျှားရဲ့ စုံထောက်ဦးထင်ကျော်၊ မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် စတဲ့ ဇာတ်ကောင်တွေကိုတော့ ရင်းနှီးကြပါလိမ့်မယ်။ မြန်မာစုံထောက်ဝတ္ထု အတော်များများရဲ့ ဇာတ်ကောင်တွေဟာ ကိုနင်ဒွိုင်းရဲ့ ရှားလော့ဟုမ်းမှ မွေးဖွားဆင်းသက်လာတဲ့ ကိုယ်ပွားတွေဆိုရင်လည်း မမှားပါဘူး။ ရှားလော့ဟုမ်းဟာ ကမ္ဘာ့စာပေမှာ အထင်ရှားဆုံး ၊ အကျော်ကြားဆုံးနဲ့ လူသိအများဆုံး ဇာတ်ကောင်၊ ရှားလော့ဟုမ်းဟာ ကမ္ဘာ့စုံထောက်စာပေမှာ အစဉ်အမြဲ ထိပ်ဆုံးက ရပ်တည်နေတဲ့ စာအုပ်။ ဒီလို စုံထောက်ဝတ္ထုကောင်းတို့ရဲ့ ထိပ်ဆိုတဲ့ ရှားလော့ဟုမ်းဝတ္ထု ( ၁၁ ) ပုဒ်ကို ‘ရှားလော့ဟုမ်း၏ မှတ်တမ်းများ’ ဆိုတဲ့ ဒီစာအုပ်ထဲမှာ ဖတ်ရှုရမှာပါ။