စစ်နှင့်ငြိမ်းချမ်းရေး ၁

မြသန်းတင့်

1100 Kyats ကျပ်
ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရဲ့ ‘War and Peace’ ဝတ္ထုရှည်ကြီးဖြစ်တဲ့ ဒီစာအုပ်ကို ဆရာကြီးမြသန်းတင့်က တစ်နှစ်နှင့်ခြောက်လ ကြာအောင် အချိန်ယူ မြန်မာပြန်ဆိုပြီး မြန်မာစာဖတ်ပရိသတ်နဲ့ ကမ္ဘာ့ဂန္ထဝင်စာပေကို ပေါင်းကူး ထိတွေ့ပေးခဲ့တယ်။ ထပ်ပြောရမယ်ဆိုရင် ဒါဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ဂန္ထဝင်လက်ရာ၊ ဒါ့အပြင် လူ့သဘာဝနဲ့ လောကတရားတွေကို ရုပ်လုံးဖော်ရင်း ‘စစ်’ နှင့် ‘ငြိမ်းချမ်းရေး’ ကိုပါ မေးခွန်းထုတ်ခဲ့တဲ့ ကမ္ဘာ့စာပေသမိုင်းရဲ့ ပြယုဂ်တစ်ခု။ တော်လ်စတွိုင်းရဲ့ စာပေတွေထဲက သင်ခန်းစာယူသင့်တဲ့အချက်တွေ ရှိနေတဲ့အပြင် မြန်မာစာပေမှာလည်း ရှိသင့်ရှိထိုက်တဲ့ ဂန္ထဝင်ဝတ္ထုကြီး ဖြစ်နေတာမို့ ဆရာမြသန်းတင့်က မြန်မာပြန်ဆိုခဲ့တယ်။ အခု ဝန်ဇင်းစာချစ်သူများအနေနဲ့ မိမိရဲ့ မိုဘိုင်းဖုန်းထဲကနေ အလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်ပါပြီၤ။ ဖတ်ကြည့်လိုက်ပါ၊ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးကို ဖတ်နေတယ်ဆိုတဲ့ အရသာကို ခံစားလိုက်ပါ။