တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလ မိန့်ခွန်းများ

မွဝတီစာပတေိုကျ

800 Kyats ကျပ်
‘မြန်မာ့ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ၊ ဒါပဲ’ ဆိုတဲ့ တပ်ထွက်မိန့်ခွန်း။ ‘စောင့်ကြည့်ကြတာပေါ့၊ ရဲဘော်တို့ ထင်သလို အင်္ဂလိပ်လာရင် ရာထူးပဲ တိုးကြမလား၊ သေနတ်မောင်းပဲ ထပ်ချိုးကြရမလား ဆိုတာ …’ ဆိုတဲ့ သရက်ချောင်းရွာ မိန့်ခွန်း။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ရုံမက တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ အရွယ်ရောက်ပြီးချိန်ကတည်းက မြန်မာ့လွတ်လပ်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရာမှာ ကျောင်းသားဘဝ၊ တို့ဗမာအစည်းအရုံးဝင် သခင်ဘဝ၊ စစ်သားဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ စတဲ့ ဘဝများစွာကို ဖြတ်သန်းခဲ့တာမို့ ဘဝအတွေ့အကြုံ များလှပါတယ်။ ဗိုလ်ချုပ်ရဲ့ အနယ်နယ်အရပ်ရပ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကလည်း များပြားလှပါတယ်။ ဒီစာအုပ်မှာ ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလ မိန့်ခွန်းများစွာကို တစ်စုတစ်စည်းထဲ စုစည်းထားတာမို့ စာဖတ်သူတွေအတွက် အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်ဆိုတာတော့ အသေအချာပါပဲ။