တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ပသတင်းဌာနများ တွေ့ဆုံမေးမြန်းမှုကောက်နုတ်ချက်များ

မြဝတီစာပေ

800 Kyats ကျပ်
မြဝတီစာပေတိုက်ထုတ် စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ပသတင်းဌာနများက တာဝန်ရှိသူတွေရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ကောက်နုတ်ချက်တွေအဖြစ် ပြန်လည်ရေးသားထားတဲ့ စာတွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ထမ်းဆောင်မှု၊ အဆင့်မြင့်တပ်မတော် တည်ဆောက်မှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တပ်မတော်ကဏ္ဍ၊ တပ်မတော်အရာရှိ ရွေးချယ်မှုနဲ့ အမျိုးသမီး စစ်မှုထမ်း ခန့်ထားခြင်း၊ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများ၊ ရခိုင်ပြည်နယ်အရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာ စစ်ဘက် ဆက်ဆံရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စတဲ့အကြောင်းအရာတွေ အပါအဝင်၊ အခြား စိတ်ဝင်စားစရာ အခန်းကဏ္ဍများစွာကို ကောက်နှုတ်ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။