နိုင်ငံ့ဂုဏ်ဆောင် မြန်မာပြည်ဖွား ဧရာဝတီသားများ

မြမဉ္ဇူဝေ(ကျုံမငေး)

600 Kyats ကျပ်
ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာပြည် တောင်ဘက်ဆုံး အလယ်ကျတဲ့ မြေပြန့်လွင်ပြင်အရပ်ဖြစ်ပြီး ချောင်းငယ်၊ မြစ်ငယ်တွေ သွယ်ကာရစ်ကာ တည်ရှိနေနေတဲ့ နုန်းတင်မြေနုဖြစ်ထွန်းရာအရပ် ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံအလေးထားပြီး ဆန်စပါးစိုက်ပျိုးရာမှာ မြန်မာပြည်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးခြင်း၊ ပြည်တွင်းဝမ်းစာ ဖြည့်တင်းပေးနိုင်ခြင်းတွေကြောင့် ဧရာဝတီတိုင်း ဒေသကြီးကို “မြန်မာပြည်ရဲ့ ထမင်းအိုးကြီး” လို့တောင် တင်စားခဲ့ကြပါတယ်။ အခု မိတ်ဆက်ပေးမယ့် “နိုင်ငံ့ဂုဏ်ဆောင် မြန်မာပြည်ဖွား ဧရာဝတီသားများ” စာအုပ်ဟာ ဧရာဝတီတိုင်း ဒေသကြီးရဲ့ ဇာတိမြေဂုဏ်ဆောင်၊ ထူးချွန်ထက်မြက်ထင်ပေါ်ခဲ့ကြတဲ့ အလွှာအသီးသီးက ပုဂ္ဂိုလ်တွေရဲ့ “အတ္ထုပ္ပတ္တိ” ကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ထူးချွန်ထင်ရှားခဲ့သော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်၊ ဆရာကြီး ဆရာမကြီးများရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေကို ပြည့်ပြည့်စုံစုံ ရရှိနိုင်ဖို့အတွက် ဆရာမဟာ ကိုယ်တိုင်ကိုယ်ကျ မြို့နယ်အသီးသီးကို သွားနိုင်သမျှ သွားရောက်စုံစမ်းမေးမြန်းပြီးမှ ဒီစာအုပ်ကို ရေးသားပြုစုခဲ့တာပဲ ဖြစ်ပါတယ်။