အမျက်သင့် ... နှလုံးအိမ်

မြပုလဲခင်

800 Kyats ကျပ်
ရုပ်ရှင်နဲ့ ဗွီဒီယိုလောကမှာ စူပါမင်းသားအဖြစ် အောင်မြင်ကျော်ကြားပေမဲ့ လွတ်လပ်မှုရဲ့ အရသာနဲ့ ကင်းဝေးနေရတဲ့ မင်းသား မိုးကျော်သူ။ အောင်မြင်ကျော်ကြားလာတဲ့ မိုးကျော်သူ တစ်ယောက် ကောလာဟလတွေ၊ ပုတ်ခတ်စွပ်စွဲမှုတွေ၊ အနေကျဉ်းကျပ်မှုတွေကို မခံစားနိုင်တဲ့အဆုံး၊ ဘယ်သူမှ မမှတ်မိနိုင်အောင် ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ပြီးတော့ သာမန်လူတစ်ယောက်အဖြစ် နောင်ချိုဘက်ကို ထွက်လာခဲ့ပါတော့တယ်။ အသက်ကြီးကြီး လူကြီးတစ်ယောက်အဖြစ် ဟန်ဆောင်ရုပ်ဖျက်ပြီး ခရီးထွက်ဖို့အတွက် အဝေးပြေးကားပေါ် ရောက်တဲ့အခါမှာတော့ နံဘေးခုံမှာ အတူထိုင်ရတာက သိပ်လှတဲ့ မိန်းကလေးငယ်တစ်ယောက်။ မိန်းကလေးက ရိုးရိုးသားသား အေးအေးချမ်းချမ်းလေးမို့ သူတို့နှစ်ယောက် ခင်မင်သွားကြပြီး တစ်ယောက်အကြောင်း တစ်ယောက်ပြောပြတဲ့အခါမှာတော့ ထင်မှတ်မထားတဲ့ တိုက်ဆိုင်မှုတွေက သူတို့ နှစ်ယောက်ကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ရုပ်ရှင်လောကနဲ့ ကင်းဝေးချင်လို့ တောင်ပေါ်မြို့ကလေးဆီ ခြေရာဖျောက် ပုန်းရှောင်ပါမှ၊ ခရီးဖော် ဖြစ်လာတာက စူပါစတား မင်းသားကြီး ဦးကျော်မိုးရဲ့ သမီးလေး ဖြစ်နေတဲ့အပြင်၊ သူတို့ နှစ်ယောက်စလုံးရဲ့ ဦးတည်ရာမြို့၊ တည်းခိုမယ့် နေအိမ်ကအစ တူညီနေတဲ့နောက်မှာ … ဘယ်လို စိတ်ဝင်စားစရာ နောက်ကြောင်းခံ အဖြစ်အပျက်တွေ၊ ဇာတ်လမ်းအလှည့်အပြောင်းတွေကို ရင်တခုန်ခုန် အသည်းတလှပ်လှပ် ခံစားဖတ်ရှုရမလဲ ဆိုတာ …