နှလုံးသားချင်း နီးနေသရွေ့

မြပုလဲသွယ်

800 Kyats ကျပ်
မင်းထင်ကျော် က တက္ကသိုလ်ကျောင်းဆရာ။ သူက စိတ်ထားမြတ် ဆိုတဲ့ မိန်းကလေးကို စိတ်ဝင်စားမိတယ်။ တစ်နေ့ မင်းထင်ကျော် နယ်ပြန်တုန်း အိမ်ကထွက်ပြေးလာပြီး တစ်ခုခုကို ထိတ်လန့်နေတဲ့ ထားကို တွေ့လို့ကူညီမိခဲ့တယ်။ နယ်က ထားသူငယ်ချင်း အိမ်ကို လိုက်ပို့ပေးခဲ့ပေမဲ့ ထား သူငယ်ချင်းက အိမ်ပြောင်းသွားပြီတဲ့။ ဒီတော့ မင်းထင်ကျော်က ထားကို လိုတဲ့အကူအညီတွေ ဆက်ကူညီတယ်။ အဲဒီမှာ မင်းထင်ကျော် မိဘတွေက သူတို့သား မိန်းမခိုးလာတယ်ထင်ပြီး ထားနဲ့ မင်းထင်ကျော်ကို ချက်ချင်း မင်္ဂလာဆောင်ပေးလိုက်တဲ့အခါ… အခေါ်အပြောသိပ်မရှိတဲ့ သူတို့နှစ်ယောက်၊ သဘောရိုးနဲ့ ကူညီမိရာကနေ တစ်အိမ်တည်းနေ၊ ကုတင်တစ်ခုတည်း အိပ်တဲ့အခြေအနေကို ရောက်သွားတဲ့အခါ… နောက်ပြီး ထား ထိတ်လန့်နေတဲ့ အရာတစ်ခုကရောဘာလဲ? ဇာတ်လမ်းက စလာကတည်းက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပြီး ဖတ်ရတာ တော်တော်ကို စွဲလမ်းဖို့ကောင်းလွန်းပါတယ်။