မေ့ဘဝပိုင်သူသခင်

မြပုလဲသွယ်

800 Kyats ကျပ်
ယိမ့် က သူနာပြုဆရာမလေး။ သူသိပ်ချစ်ရတဲ့မောင်နဲ့ သူ့ဘဝက အဆင့်အတန်းသိပ်ကွာလွန်းတယ်။ မောင့်ရဲ့ မိဘတွေကလည်း ယိမ့်နဲ့ မောင့်ကို သဘောမတူဘူး။ ဒီတော့ ယိမ့်လည်းနာကျင်မှုတွေနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်လာခဲ့တယ်။ သူထင်ခဲ့တာက သူ့မွေးရပ်မြေကို ပြန်ရောက်သွားရင် သူငယ်ချင်းတွေ၊ မိဘတွေနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ဘဝကို ရရှိမယ်လို့ပေါ့။ ဒါပေမဲ့ ရွာပြန်ရောက်တော့ မိဘတွေက ယိမ့် ကို လဖိုင်လ ဆိုတဲ့ ပွေရှုပ်သူတစ်ယောက်နဲ့ ပေးစားဖို့လုပ်တယ်။ မင်္ဂလာကြေးတွေလည်း ယူသုံးလိုက်တယ်။ အဲဒီမှာ ယိမ့်က လဖိုင်လ လက်ကထွက်ပြေးရင်း ဒေါက်တာမင်းထင်နဲ့ ဆုံခဲ့တယ်။ မင်းထင်က မိန်းမတွေကို ဂရုမစိုက်တတ်တဲ့လူမျိုး။ သူ့ဘဝမှာ ခင်ထားနွယ် ဆိုတဲ့ မိန်းမတစ်ယောက်နဲ့ပဲ ပတ်သက်ခဲ့ဖူးတယ်။ အဲဒီလိုလူနဲ့ ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ ယိမ့် တို့ ဆုံကြတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီဝတ္ထုထဲမှာ ဖတ်ရှုခံစားကြည့်ကြပါဦး။