အမုန်းတွေကို မလိုချင်ဘူး

မြပုလဲသွယ်

800 Kyats ကျပ်
အတိတ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေ၊ လွဲခဲ့တဲ့ နားလည်မှုတွေကြောင့် ခင်လေး က သံစစ် ကိုမမြင်ချင်လောက်အောင် မုန်းတယ်။ ဒါပေမဲ့ သံစစ်ကတော့ ခင်လေးကို တော်တော်ချစ်ပါတယ်။ တစ်နေ့ ခင်လေးက သူမုန်းတယ်ဆိုတဲ့လူနဲ့မှ မိုးရွာကြီးထဲမှာ အမှတ်မထင်ပြန်ဆုံခဲ့ရတယ်။ သံစစ် က ခင်လေးကို ပြန်တွေ့တော့ သူ့စိတ်ရင်းအမှန်ကို ချပြခဲ့တယ်။ ခက်တာက သူ့ပုံစံဟာ တဇွတ်ထိုးနိုင်တဲ့ပုံစံဆိုတော့ ပိုပြီးတော့ ပြဿနာတက်ရတာပေါ့။ သံစစ်က လက်မလျှော့ပါဘူး။ ခင်လေးကို မရ ရတဲ့နည်းနဲ့ ပြန်ချဉ်းကပ်တယ်။ ခင်လေးအချစ်ကို ပြန်ရယူဖို့ကြိုးစားတယ်။ အဲဒီမှာ ခင်လေးကို မေတ္တာရှိနေတဲ့ ကိုမင်းမောင်ဆိုတဲ့ လူတစ်ယောက်လည်းရှိသေးတယ်။ ဒီတော့ ခင်လေး၊ သံစစ်နဲ့ ကိုမင်းမောင်တို့ သုံးယောက် ရှေ့ဆက်ပြီး ဘာတွေဖြစ်ကြမလဲ? သံစစ်နဲ့ ခင်လေးတို့ရဲ့ အတိတ်နဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲ? အထင်လွဲမှု၊ မုန်းတီးမှု၊ ကြည်နူးမှုတွေနဲ့ ဒီဝတ္ထုက တကယ်ကို ခံစားလို့ကောင်းပါတယ်။