အချစ်နှင့်ယူဇနာပေါင်းများစွာ

မြပုလဲသွယ်

800 Kyats ကျပ်
ယူဇနာနဲ့ကတ္တီပါတို့က သိပ်လှတဲ့ ညီအစ်မနှစ်ယောက်။ မိဘတွေမရှိတော့ တစ်ယောက်ကိုတစ် ယောက် ဂရုစိုက်ကြတယ်၊ သိပ်ချစ်ကြတယ်။ ငွေရေးကြေးရေးလည်း ပြည့်စုံတော့ သူတို့နှစ်ယောက်ရဲ့ ဘဝကအေးဆေးပေါ့ ! နောက်ထပ် ဇာတ်ကောင်နှစ်ယောက်က ဒေါက်တာဗလနဲ့ ဇေယျ။ သူတို့ညီအစ်ကို နှစ်ယောက်ကလည်း ခန့်ခန့်ညားညား။ ဗလက မိန်းမတွေကို အထင်မကြီးတတ်ပေမဲ့ ဇေယျကတော့ နည်းနည်းပွေလီတာမျိုး ! ယူဇနာကလည်း ယောက်ျားတွေကို အထင်မကြီးတတ်ပေမဲ့ ကတ္တီပါကတော့ အချစ်နဲ့ ပတ်သက်ရင် ရူးမိုက်တတ်သူ။ ပြဿနာက ဇေယျနဲ့ကတ္တီပါတို့ တွဲမိရာကစတာပဲ။ ဒါကို ယူဇနာက၊ လူရှုပ်လူပွေနဲ့ သူ့ညီမကို သဘောမတူဘူးဆိုပြီး ဗလကိုဖုန်းဆက် ပြဿနာရှာတာပေါ့ ! အချစ်၊ အလွမ်း၊ အမုန်း၊ ခံပြင်းမှုတွေ၊ မာနပြိုင်ဆိုင်မှုတွေ၊ ကိုယ် သတိမထားမိလိုက်ခင်မှာပဲ ချစ်မိသွားတာတွေနဲ့အတူ သူတို့လေးယောက်ကြားက အဖြစ်အပျက်တွေက ဒီဝတ္ထုကို လက်ကမချချင်အောင် ဆွဲဆောင်ထားပါလိမ့်မယ်။ စွဲလမ်းဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။