အချစ်ဟုသစ္စာဆိုခဲ့သည့်အတိုင်း

မြပုလဲသွယ်

800 Kyats ကျပ်
မြစ်ဖျားမှာ ပြိုင်ဘက်ဆိုတဲ့ကောင်လေးနဲ့ စွဲငြိဆိုတဲ့ကောင်မလေး သူငယ်ချင်းတွေရှိတယ်။ နှစ်ယောက်စလုံးက မြစ်ဖျားကို ခင်ကြတယ်။ အလေးထားကြတယ်။ ဒါပေမဲ့၊ ပြိုင်ဘက်နဲ့ မြစ်ဖျားကတော့ တစ်စက်ကလေးမှမတည့်ဘူး။ သူတို့ရဲ့စိတ်ထားအမှန်ကို သူတို့ပဲသိမှာပေါ့လေ။ ပြိုင်ဘက်ကရော တကယ်တမ်း ငြိပြောသလို မြစ်ဖျားနားကို အတင်းကပ်နေတာလား။ သူကမြစ်ဖျားကိုဆိုရင် ဘာဖြစ်လို့ ဦးစားပေး အလေးထားနေတာလဲဆိုတာ စဉ်းစားစရာ။ အဲဒီလိုနဲ့ စတင်ဖြစ်ပေါ်လာတဲ့ သံယောဇဉ်နှောင်ကြိုးက အချစ်အဖြစ်ပြောင်းလဲလာပြီး သူတို့သုံးယောက်ကိုဘယ်လိုနွယ်ယှက်လာမလဲဆိုတာကို ဖတ်ရှုခံစားကြမယ့် အချစ်ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။