အချစ်ရှိတဲ့နေရာ

မြပုလဲသွယ်

800 Kyats ကျပ်
ဒေါက်တာ ကျော်ဇေလတ်က ချောတယ်။ မိန်းကလေးတိုင်း သဘောကျရလောက်တဲ့လူ။ ဒါပေမဲ့ သူက လူ့ဂွစာ၊ တဇွတ်ထိုးနိုင်တယ်။ အခုတော့ သူ့ကို ဇော်က အသေမုန်းနေတယ်။ သူကတော့ ဇော်ကို တော်တော်ချစ်ပါတယ်။ အတိတ်မှာတုန်းကလည်း သူနဲ့ ဇော်က တော်တော်ချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်ခဲ့တာပါ။ ခက်တာက ဇော်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ စွပ်စွဲချက်တွေကြောင့် သူတို့နှစ်ယောက် ဝေးခဲ့ကြတယ်။ ကျော်ဇေလတ်က ဇော်ကို လိုက်တော့ တောင်းပန်ပါရဲ့။ ဒါပေမဲ့ တဇွတ်ထိုးဆန်တဲ့ တောင်းပန်ပုံတွေက ဇော်ကို ပိုပြီးတော့ မုန်းတီးစေပါတယ်။ ဒီတော့ ဇော်က ကျော်ဇေလတ်နဲ့ ပတ်သက်ပြီး ဘာကို အထင်လွဲနေတာလဲ? သိပ်ချစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က အခုချိန်ဘာဖြစ်လို့ ကွဲကွာနေကြတာလဲ? အပါအဝင် အတိတ်တုန်းက သူတို့နှစ်ယောက်ရဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ တွေ့ဆုံပုံနဲ့ အနာဂတ်မှာရော ပြန်အဆင်ပြေမလားဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။