ပန်းနုရောင်နှလုံးသား

မြပုလဲသွယ်

800 Kyats ကျပ်
မက်မွန်မြိုင် ရဲ့အရှင်သခင် စိုင်းဆိုင်မိန်း က သူလိုချင်တာ၊ သူဖြစ်ချင်တာ မှန်သမျှကို မရ ရတဲ့နည်းလမ်းနဲ့ ရယူပိုင်ဆိုင်တတ်တဲ့သူ။ တရားမျှတတာတွေ၊ နည်းလမ်းကျတာတွေ ဆိုတာကို သူ လုံးဝ စိတ်မဝင်စားဘူး။ မိန်းမလှလေးတွေမြင်ရင်လည်း အသည်းခွဲတမ်းက ကစားချင်သေးတယ်။ သူ့ရဲ့ အမြွှာညီဖြစ်သူ စိုင်းမောက်ခမ်း ကတော့ အဲဒီလိုမဟုတ်ဘူး။ သဘောကောင်း၊ မနောကောင်းပြီး လူချစ်လူခင်ပေါတယ်။ ဒါပေမဲ့ သူတို့ဟာ ခွဲမရအောင်တူတဲ့ အမြွာညီအစ်ကိုမှန်း သိသူတော်တော်နည်းတယ်။ ဒါကြောင့် အစ်ကို ရှာသမျှပြဿနာကို ညီကပဲ ဒိုင်ခံဖြေရှင်းပေးနေရတာ။ အဲဒီလို ညီအစ်ကိုရှိတဲ့ အိမ်ကို ဒေါက်တာပန်းနုရောင်ဆိုတဲ့ ကောင်မလေး တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားတဲ့အခါ… ပန်းနုရောင်ရဲ့ နှလုံးသားက ဘယ်လို အရာတွေကို ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရမလဲဆိုတာ ဒီဝတ္ထုထဲမှာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုခံစားရမှာပါ။