ပန်ဆောင်ခ

မြပုလဲသွယ်

800 Kyats ကျပ်
မုံ က စော်ဘွားအနွယ်ဝင်။ သူ့ကို ပန်ဆောင်ခအိမ်ကြီးမှာ မွေးတယ်။ အဲဒီအိမ်ကြီးမှာပဲ ကြီးပြင်းခဲ့တယ်။ ဒါပေမဲ့ မိဘနှစ်ပါးဆုံးသွားချိန်မှာ ဦးလေးဖြစ်သူက အိမ်ကြီးအပါအဝင် အကုန်လုံးကို အပိုင်စီးခဲ့တယ်။ မုံ ပန်ဆောင်ခ က ထွက်သွားရတယ်။ အချိန်တွေကြာလာတော့ ပန်ဆောင်ခကို မုံပြန်လာခဲ့တယ်။ ပန်ဆောင်ခအိမ်ကြီးကိုတော့ ဦးလေးမပိုင်တော့ဘဲ တခြားလူတစ်ယောက် ပိုင်ဆိုင်သွားပြီ။ အဖြစ်အပျက်တွေ အများကြီးဖြစ်ပြီး မုံ ပန်ဆောင်ခမှာ အိမ်ဖော်အဖြစ် ပြန်နေခွင့်ရတယ်။ နေကောင်းကင် ဆိုတဲ့ သူဌေးနဲ့ ဆုံဖြစ်ကြတယ်။ စည်းစနစ်ကြီးပြီး အလုပ်ကြိုးစားတဲ့ နေကောင်းကင် က မုံကို ရင်ခုန်ခဲ့တယ်။ နောက်တော့ သူတို့နှစ်ယောက် ရင်ခုန်သံချင်းနီးစပ်ခဲ့ကြတယ်။ မုံရဲ့ ဘဝအမှန်ကို နေကောင်းကင်သိခဲ့ရတယ်။ ဒါပေမဲ့ နေကောင်းကင်ရဲ့ အမေဖြစ်သူက သင်ဇာဆိုတဲ့ ကောင်မလေးနဲ့ နေကောင်းကင်ကို သဘောတူထားတဲ့အခါ… လွမ်းဆွတ်မှုတွေ၊ နာကျင်မှုတွေ၊ ရင်ခုန်မှုတွေနဲ့ ဒီဝတ္ထုက တကယ်ကို စွဲလမ်းဖွယ်ပါ။