နက္ခတ်အသစ်ရဲ့ အချစ်ရက်စွဲများ

မြပုလဲသွယ်

800 Kyats ကျပ်
တော်ဝင်တို့ သားအဖက ပန်းရဂုံအိမ်ကြီးကို ပြန်ရောက်လာတယ်။ ညီအစ်မဝမ်းကွဲဖြစ်တဲ့ ဖူးအိ အပါအဝင် မိသားစုဝင်တွေအကုန်လုံးက သူတို့သားအဖကို သိပ်လက်မခံချင်ဘူး။ ဒါပေမဲ့ မောင်းထုတ်လို့လည်း မရပြန်ဘူး ဖြစ်နေတယ်။ ဖြစ်ချင်တော့၊ ဖူးအိသူငယ်ချင်း နေဗလက တော်ဝင်ကို ချစ်မိသွားသလို၊ တော်ဝင့်သူငယ်ချင်း မိုးတိမ်နဲ့ဖူးအိတို့ လက်တွဲမိသွားရာက ဒီဇာတ်လမ်း စတော့တာပဲ။ နက္ခတ်အသစ်ရဲ့ အချစ်ရက်စွဲတွေပေါ့ ! ခက်တာက မိဘတွေက ဖူးအိနဲ့နေဗလကို ပေးစားဖို့ စီစဉ်ထားကြတာ။ ဖူးအိနဲ့မိုးတိမ်က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပေမဲ့ တော်ဝင်ကတော့ နေဗလကို စိတ်မဝင်စားပါဘူး။ အဲဒဲဒီ အဖေဖြစ်သူ သူငယ်ချင်းရဲ့သား ဒေါက်တာထင်စည်က တော်ဝင်ရဲ့ဘဝထဲ ထပ်မံဝင်ရောက်လာတဲ့အခါမှာတော့ … ဘယ်သူက ပျော်ရွှင်မှုတွေကို ပွေ့ပိုက်ခွင့်ရပြီး ဘယ်သူက ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။