ချစ်ခြင်းဟူသည်

မြပုလဲသွယ်

800 Kyats ကျပ်
နွယ်ဝတီက ချမ်းသာတယ်။ ရုပ်ချောတယ်။ အီကိုကကွင်းတစ်ယောက်။ သူ့ဘဝက လိုလေသေးမရှိ ပြောရမှာပေါ့။ ပုရိသမှန်သမျှက သူ့အနား ဝိုင်းနေတာ။ သူ့ကို စိတ်မဝင်စားတာဆိုလို့ ဆေးကျောင်းက ကင်းဖြစ်တဲ့ စောဘုန်းဖြူတစ်ယောက်ပဲ ရှိတယ်။ စောကတော့ အီကိုက မေညိုစိမ့် ဆိုတဲ့ကောင်မလေးကို စိတ်ဝင်စားနေတာပါ။ မေရဲ့မိသားစုက ဆင်းရဲရှာတယ်။ နောက်ပြီး မေက သိပ်အရမ်းအေးလွန်းတာ။ နွယ်က သူ့ဘက် အာရုံမစိုက်တဲ့စောကို အာရုံစိုက်လာအောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတယ်။ ကံတရားရဲ့ လှည့်စားမှုကြောင့်လို့ ပြောရမလား၊ နွယ်နဲ့စောရဲ့ မိဘတွေက သိပ်ရင်းနှီးသူတွေဖြစ်နေပြီး သူတို့နှစ်ယောက်ကို နေရာချထားပေးဖို့ အတင်းအကျပ် ကြိုးစားတော့တာပါပဲ။ မေကိုပဲချစ်တဲ့ စော၊ စောကိုလိုချင်ပြီး မာနတရားကို လက်ကိုင်ထားတတ်သူ နွယ်တို့ကြားက ပြင်းရှတဲ့ ရင်ခုန်သံတွေကို ခံစားကြည့်ရအောင် !