ချစ်ခြင်းရဲ့ အဓိပ္ပာယ်

မြပုလဲသွယ်

800 Kyats ကျပ်
ဒေါက်တာညီသစ္စာက မုဆိုးဖိုတစ်ယောက်ပါ။ သူ့မှာ ဖိုးလမင်းဆိုတဲ့ သိပ်ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ရှိတယ်။ သူကတော့ ယောက္ခမတွေက တိုက်တွန်းနေတာတောင် နောက်အိမ်ထောင် လုံးဝမပြုဘူး။ သူ့သားလေးနဲ့ အလုပ်အတွက်ပဲ ဘဝကို မြှုပ်နှံထားတာ။ နောက်ပြီး သူ့ဘဝ တစ်လျှောက်လုံးမှာလည်း အချစ်ဆိုတာကို ထပ်မံ မရှာဖွေခဲ့ဘူးပေါ့လေ။ သူ့လိုမျိုးပဲ၊ အချစ်ကို မရှာဖွေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ငြိမ်း။ ဒေါက်တာညီသစ္စာပြောင်းလာတဲ့ အိမ်နားမှာနေတဲ့ ငြိမ်းဆိုတဲ့ ကောင်မလေးပါ။ ငြိမ်း ကအချစ်ရေးကို လုံးဝစိတ်မဝင်စားဘူး။ အနေလည်း တော်တော်အေးတဲ့ ကောင်မလေးရယ်ပါ။ ပြောရရင်တော့ ညီသစ္စာက ငြိမ်းရဲ့အမေကို ဆေးကုပေးဖြစ်ရာကနေ သူတို့နှစ်ယောက် နီးစပ်လာတယ် ဆိုရမှာမယ်။ အချစ်ကိုမရှာဖွေသူနဲ့ အချစ်ကို စိတ်မဝင်စားသူနှစ်ယောက် ဆုံဆည်းကြတဲ့အခါ … ပတ်ဝန်းကျင်ကလည်း သူတို့နီးစပ်ဖို့ အထောက်အပံ့ပေးလာတဲ့အခါ … အချစ်ကိုရှာဖွေလိုစိတ်မရှိသူနဲ့ အချစ်ကို စိတ်မဝင်စားသူတို့ရဲ့ ချစ်ခြင်းဟာ ဘယ်လိုပုံစံနဲ့များ အဓိပ္ပါယ်ရှိနေကြမလဲ ? ဖတ်ရှု ခံစားကြည့်လိုက်ရအောင်နော်