ချစ်မိပြီထင်တယ်

မြပုလဲသွယ်

800 Kyats ကျပ်
ဒီဝတ္ထုက ခပ်ဆန်းဆန်းလေးဗျ။ ဇာတ်လမ်းထဲမှာ သက်စုနဲ့ ညိုညိုက ညီအစ်မဝမ်းကွဲ။ သက်စုက မိဘတွေကိုယ်တိုင် ပေါက်ကျော်မလို့ ဆိုရလောက်တဲ့သူ။ ဒါပေမဲ့ ညိုညိုကတော့ ကျောင်းဆရာမ၊ ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေတတ်တဲ့သူ။ နောက်တစ်ယောက်က သက်စု မိဘတွေ သူငယ်ချင်းရဲ့သား ရဲနောင်။ ရဲနောင်နဲ့ ညိုညိုကို မိဘတွေအပါအဝင် သက်စု ကပါ သဘောတူနေတာ။ ရဲနောင် စိတ်ကူးထဲက အိမ်ထောင်ဖက်ပုံစံက ညိုညို လို အနေအေးတဲ့ပုံစံဖြစ်ပေမယ့် ရဲနောင် ရင်ခုန်မိတာက သက်စု ကိုပါ။ အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက သက်စုနဲ့ ညိုညိုတို့နှစ်ယောက် ရဲနောင် ရဲ့မွေးရပ်မြေကို လိုက်လည်တုန်း စံအိမ်ကြီးထဲမှာ ညိုညိုတို့ကို စူးစူးရဲရဲအကြည့်နဲ့ကြည့်တဲ့လူ၊ မိုးတွေရွာနေတဲ့တစ်နေ့ ညိုညို ကို ဖမ်းခေါ်သွားတဲ့လူ။ အဲဒီလူကဘယ်သူလဲ? ဘာဖြစ်လို့ ဖမ်းခေါ်သွားတာလဲ? ဘာတွေဆက်ဖြစ်ကြမလဲ? ဆိုတာ ဝတ္ထုထဲမှာ စိတ်ဝင်တစားမြင်တွေ့ရမှာပါ။