ရုန်းမရသောဖွဲ့ငင်မှု

မြပုလဲခင်

800 Kyats ကျပ်
‘Hated is blind as well as love’ တဲ့။ ‘မုန်းတီးခြင်းသည် ချစ်ခြင်းမေတ္တာကဲ့သို့ပင် မျက်စိမရှိပါ’ ဆိုတဲ့ စကားလေး ရှိပါတယ်။ အချစ်မှာ မျက်စိမရှိဘူးလို့ လူတွေ ပြောကြသလိုပဲ အမုန်းမှာလည်း မျက်စိမရှိပါဘူး။ လူတစ်ယောက်ကို မုန်းပြီဆိုရင် အဲဒီလူ ဘာလုပ်လုပ် ကန့်လန့်ချည်း ဖြစ်နေစေတာပါပဲ။ ဒီဇာတ်လမ်းမှာ လင်းဝတ်မှုံဆိုတဲ့ ကောင်မလေးဟာ ဘဝရဲ့ ဒုက္ခတွေကို ရင်ဆီးခံပြီး စိတ်ညစ်ခြင်းနဲ့ မိတ်ဆွေရင်းဖြစ်နေရသူပါ။ ခိုကိုးရာမရှိ၊ အားကိုးရာမဲ့ ဖြစ်နေတဲ့ လင်းဝတ်မှုံတစ်ယောက် ကြော်ငြာတစ်ခုကို ဖတ်မိပြီး ‘လင်းစံအိမ်’ ဆိုတဲ့ ခမ်းနားတဲ့ အိမ်ကြီးဆီ အလုပ်သွားလျှောက်ခဲ့တယ်။ လင်းစံအိမ်က ကလေးတစ်ယောက်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူပေးရမယ့် ဆရာမတစ်ဦးအဖြစ် အလုပ်သွားလျှောက်ခဲ့တဲ့ လင်းဝတ်မှုံတစ်ယောက် အလုပ်ခန့်လိုက်ပြီးတဲ့နောက်မှာ ဒီစံအိမ်ကြီးရဲ့ အိမ်ကြီးရှင်တွေနဲ့ ဘယ်လိုများ ရှေ့ဆက်ရမလဲ။ ချစ်ခြင်းနဲ့ ဖွဲ့နှောင်လာမယ့်သူက ဘယ်သူဖြစ်မလဲဆိုတာ ရင်ခုန်စရာ စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ ဒီဇာတ်လမ်းလေးမှာ ဖတ်ကြည့်လိုက်ပါဦးနော်....