နှလုံးသားနှင့် သစ္စာတရား

မြပုလဲခင်

800 Kyats ကျပ်
“မိန်းမသားတွေရဲ့ဘဝဟာ သိပ်ကို ဘောင်ကျဉ်းတာပဲနော်၊ စိတ်ဆန္ဒရဲ့ လွတ်လပ်ခွင့် အခွင့်အရေးဟာ သိပ်ကို နည်းပါးလွန်းပါတယ် အနိုင်ရယ်၊ ကဲ .. နန္ဒာ အိမ်ပေါ်တက်တော့မယ်နော်” နန္ဒာက ပြောပြောဆိုဆို အပေါ်ထပ်သို့ လှေကားတစ်ထစ်ချင်း နင်းကာ လေးလံစွာဖြင့် မလှုပ်တလှုပ်နှင့် တက်သွားလေသည်။ အနိုင်သည် နန္ဒာ့စကားကြောင့် ငေးငိုင်ကာ ကျန်ရစ်ခဲ့လေသည်။ ယောက်ျားများ၌လည်း အချစ်ရေးနှင့် ပတ်သက်၍ လွတ်လပ်ခွင့်က အကန့်အသတ် အချုပ်အချယ်မရှိ လွတ်လပ်သည်ဟု ဆိုသော်လည်း အလွှာမတူညီသော ဘဝပေး အနေအထားများကလည်း ယောက်ျားတစ်ဦး၏ လွတ်လပ်ခြင်းကို တားဆီးပိတ်ပင်တတ်ကြောင်းကို အနိုင်ကလည်း ပြန်ပြောလိုက်ချင်ပါသည်။