နှင်းပွင့်ကြွေတဲ့မိုးကောင်းကင်

မြပုလဲခင်

800 Kyats ကျပ်
မိဘတွေ ကွယ်လွန်သွားပြီးနောက် မောင်နှမတွေရဲ့ အစွန့်ပစ်ခံ၊ အကူအညီမဲ့နေတဲ့ ငွေနှင်းစက်ဆိုတဲ့ ကောင်မလေးမှာ အားကိုးရာဆိုလို့ ဦးကြီးနဲ့ ဒေါ်ကြီးတို့ မိသားစုပဲ ရှိတော့တယ်။ အနာဂတ်အကြောင်း မတွေးရဲ၊ အချိန်ပြည့် ဝမ်းနည်း အားငယ်နေတတ်တဲ့ ငွေနှင်းစက်က သူလိုငါလို ကျန်းမာသန်စွမ်းတဲ့ လူငယ်မိန်းကလေး တစ်ယောက်လို မဟုတ်။ အကူအညီမပါဘဲ ကိုယ့်ဝေယျာဝစ္စ အမှုကိစ္စတွေကိုတောင် လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ ဒုက္ခိတ ကောင်မလေးတစ်ယောက်ပါ။ ဒီလို ဘဝကံမကောင်းတဲ့ ညီမငယ်လေးကို မကူညီတဲ့အပြင် ကွယ်လွန်သွားတဲ့ မိဘတွေက ဘာများ တိတ်တဆိတ်ပေးသွားသလဲ ဆိုပြီး အမြင်မကြည် လောဘတိုက်နေတဲ့ အစ်ကို အစ်မတွေကြောင့် အမြဲတမ်းလိုလို ဝမ်းနည်းအားငယ်နေတတ်တဲ့ ငွေနှင်းစက်ရဲ့ ဘဝ။ ပျင်းရိချိန် အဖော်ပြုစရာဆိုလို့ သီချင်းတွေ နားထောင်နေတာကလွဲရင် တခြား ပျော်စရာ မရှိခဲ့တဲ့ ငွေနှင်းစက်ဟာ အဆိုတော် တစ်ယောက်ကိုတော့ ဘာနဲ့မှမတူအောင် သဘောကျပါတယ်။ ဒီအဆိုတော်သစ်လေးရဲ့ နာမည်က လရောင်။ ပရိသတ်ဖြစ်တဲ့ ဒုက္ခိတကောင်မလေးနဲ့ တက်သစ်စ နာမည်ကျော် အဆိုတော်လေး လရောင်တို့ရဲ့ အချစ်နဲ့ ဘဝလမ်းက ဘယ်လိုများ ဇာတ်လမ်းဆက်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်နော်။ ဇာတ်လမ်းကောင်းကောင်းကိုမှ ဖတ်ချင်တဲ့ စာချစ်သူတွေအတွက် ဆရာမ မြပုလဲခင်ရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့ နှင်းပွင့်ကြွေတဲ့ မိုးကောင်းကင် အချစ်ဇာတ်လမ်းလှလှလေးကို ဖတ်ရှုခံစားကြည့်လိုက်ပါ။