ၾကိဳး

မြပုလဲခင်

800 Kyats ကျပ်
>> အိမ်ထောင်တစ်ခု တည်ဆောက်ပြီးရင် နောက်ကွယ်မှာ မဖောက်ပြန်တာက အကောင်းဆုံးပါပဲ။ နောက်ကွယ်မှာ ဖောက်ပြန်ရင် ဘယ်လိုမှကို ဇာတ်သိမ်းမလှတတ်ဘူး။ အခုလည်း စာပေတိုက်ပိုင်ရှင်၊ အော့်ဖ်ဆက်ပိုင်ရှင် ‘ကျော်ဘုန်းလူ’ တစ်ယောက် ရင်ထဲမှာ ငရဲကျနေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နိုင်ငံရပ်ခြားမှာ ဖောက်ပြန်ခဲ့တဲ့ ကိစ္စပြန်အစပေါ်လာလို့လေ။ >>> သူနဲ့ ဖောက်ပြန်ခဲ့တဲ့ အမျိုးသမီးက ပြန်ဆက်သွယ်လာလို့တော့ မဟုတ်ဘူး။ အဲဒီအမျိုးသမီးက သေသွားလို့ပဲ ဖြစ်ပါတယ်။ သူ့ဘာသာသူ သေသွားတာ ကိစ္စမရှိပေမဲ့ ကလေးတစ်ယောက်ကျန်ခဲ့တယ် ဆိုတာ ကျော်ဘုန်းလူ သိလိုက်ရတယ်။ အဲဒါသူ့ကလေးတဲ့ … ကျော်ဘုန်းလူအနေနဲ့ ဒီကိစ္စကြီးကို လက်ရှိ ဇနီးဖြစ်သူ မသိအောင် ဘယ်လိုတွေ ဖုန်းကွယ်သွားမလဲ၊ ကလေးကရော သူ့ကလေး ဟုတ်ရဲ့လား၊ သံယောစဉ်ကြိုးတွေက ဘယ်လိုမျိုး နွယ်ယှက်ကုန်မလဲ ဆိုတာကို ဆရာမမြပုလဲခင်ရဲ့ ဝတ္ထုဇာတ်လမ်းထဲမှာ ဖတ်ကြည့်လိုက်ရအောင် !