ၾကယ္တာရာစစ္ပြဲ

မြပုလဲခင်

800 Kyats ကျပ်
အကြင်နာသိုက်၊ နေမင်းသိုက်နဲ့ လမင်းသိုက် ဆိုတဲ့ မောင်နှမသုံးယောက်က မိခင် ကွယ်လွန်သွားပြီးကတည်းက ဖခင်ဖြစ်သူရဲ့ ဘာမဆို အလိုလိုက်မှု၊ မေတ္တာကြီးမားမှုတွေနဲ့ ကြီးပြင်းလာခဲ့သူတွေ။ သားသမီးတွေ လိုအပ်တိုင်း၊ တောင်းဆိုတိုင်း၊ ပူဆာတိုင်း၊ ဖခင်ဖြစ်သူက မငြီးမငြူ လိုက်လျောပေးခဲ့ပေမဲ့ ဖခင်ဖြစ်သူရဲ့ တောင်းဆိုမှုတစ်ခုကိုတော့ သူတို့ မကျေနပ် မကြည်ဖြူနိုင်ကြတော့ဘူး။ ဒါကလည်း သူတို့ဘက်က ကြည့်ရင် မှန်ပါတယ်။ အမေနေရာကို တခြား ဘယ်မိန်းမ အစားဝင်တာမှ လက်မခံနိုင်ကြတာ သားသမီး သဘာဝ မဟုတ်လား။ ရှိရင်းစွဲ အသက်အရွယ်ထက် ငယ်ရွယ်နုပျိုပြီး လှပတောင့်တင်းတဲ့ ဒေါ်မင်းမမမြတ် ဆိုတာ၊ သူတို့ ဖေဖေ လက်ထပ်မယ့် အမျိုးသမီးမှန်း စုံစမ်းသိရတာနဲ့ အကြီးဆုံးသမီးဖြစ်တဲ့ အကြင်နာသိုက်က ဒေါ်မင်းမမမြတ်ဆီ သွားပြီး ရန်တွေ့ပါတော့တယ်။ ဒေါ်မင်းမမမြတ်မှာ မြား ဆိုတဲ့ ခပ်ချောချော မောင်တစ်ယောက် ရှိတယ်။ မြားက ရုပ်ချောချော၊ ပညာတတ်၊ ကုမ္ပဏီ လုပ်ငန်းရှင် သူဌေးလေး။ မြားဟာ သူ့အစ်မရဲ့ လက်ထပ်ပွဲကို ဖျက်ဖို့ ရန်လာတွေ့သွားတယ် ဆိုတဲ့ မိန်းမချောလေးကို နာမည်ကြားကတည်းက စိတ်ဝင်စားမိခဲ့တယ်။ ဒီ့နောက်မှာတော့ အကြင်နာသိုက်တို့ မောင်နှမတွေကပဲ လူကြီးတွေ မင်္ဂလာပွဲကို ဖျက်နိုင်မလား၊ မြားရဲ့ အချစ်မြား ပစ်ကွင်းမှာ အကြင်နာသိုက်တစ်ယောက် ချစ်ခြင်းတွေ ပုံအပ်လိုက်ရမလား၊ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်မို့ စာချစ်သူတို့ လက်ကမချနိုင်အောင် ဖတ်ရှုရမှာပါ။