မြစ်တစ်စင်း ချစ်ခြင်းအလင်္ကာ

မြပုလဲခင်

800 Kyats ကျပ်
ဆရာမ မြပုလဲခင်ရဲ့ နာမည်ကျော် ဝတ္ထုရှည် ဖြစ်ပါတယ်။ ပထမပိုင်း + ဒုတိယပိုင်း၊ နှစ်အုပ်တွဲ ထွက်ရှိခဲ့တဲ့ ဒီစာအုပ်လေးရဲ့ ပထမပိုင်းကို ခံစားကြည့်ရအောင်! ‘မိုးစက်လေးများက ကျွန်မနှလုံးသားကို စိုစွတ်စေတတ်သည်။ ခြောက်သွေ့ကာ ပက်ကြားအက်နေသော ကျွန်မနှလုံးသားကို မိုးစက်မိုးပေါက်ကလေးများက စိုစွတ်စေပြီး အက်ကြောင်းတို့ကို ရင်ကြားစေ့ပေးတတ်သော်လည်း နက်ရှိုင်းနေသော နှလုံးသားအက်ကြောင်းတို့ဝယ် မိုးရေမိုးစက် မိုးပေါက်တို့သည် အလွမ်းမြစ်ချောင်းအတွင်း စီးရစ်သွားတတ်သည်မှအပ ထူးခြားသော ပြောင်းလဲမှု မရှိခဲ့ပါချေ …’ တဲ့။ ဒါက ဒီဇာတ်လမ်းလေးထဲက အဓိကဇာတ်ဆောင်ဖြစ်တဲ့ မိုးဆုလာဘ်ဆိုတဲ့ မိန်းကလေးရဲ့ ရင်ဖွင့်သံ။ မိုးဆုလာဘ်နဲ့ တာရာတို့က ဟိုးကလေးဘဝကတည်းက အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ အရွယ်ရောက်လို့ ရင်ခုန်တတ်လာတဲ့အခါ တာရာတစ်ယောက် သူငယ်ချင်းမလေးကို သံယောဇဉ်ပိုလာတဲ့အတွက် အသည်းနှလုံးရဲ့ အမိန့်တော်ကို မလွန်ဆန်နိုင်ဘဲ ရင်ဖွင့်လိုက်မိပါတယ်။ ဒါပေမဲ့ မိုးဆုလာဘ်ဟာ တာရာ့အချစ်ကို လက်မခံခဲ့ပါဘူး။ ဒါ့အပြင် ငယ်သူငယ်ချင်းတွေထဲက နေမင်းစံကပါ မိုးဆုလာဘ်ကို စိတ်ဝင်စားပုံမျိုး ပြလာတဲ့အခါမှာတော့ တာရာတစ်ယောက် သူငယ်ချင်းအဖြစ် ဆက်နေပြီး ချစ်သူကို အဆုံးရှုံးခံမလား၊ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဆိုတဲ့ စကားအတိုင်း ချစ်သူကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားမလားဆိုတာကတော့ …