မောင့်ကျိန်စာစူး

မြပုလဲခင်

800 Kyats ကျပ်
‘ကာရံမညီ … စာမစီနိုင်ဘူး၊ အချစ်ဆူးက … ရင်မှာလူးတော့ မမေ့ရက်ဘူး … အချစ်ဦး၊ မောင့်ကျိန်စာ … စူး’ ဆိုတဲ့ ကဗျာလေးနဲ့ အစပျိုးထားတဲ့ ဒီဇာတ်လမ်းက လွမ်းစရာတော့ ကောင်းပါလိမ့်မယ်။ တကယ်တော့ အချစ်ဆိုတာ ကျိန်စာတစ်ခုပဲ မဟုတ်ပါလား ခင်ဗျာ။ မိန်းကလေးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ ယောက်ျားလေးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ တစ်ယောက်က တစ်ယောက်ကို ချစ်ခဲ့တဲ့အခါ သူတို့ရဲ့ ဘဝကျိန်စာ၊ အချစ်ကျိန်စာတွေ စတင်စူးနစ်ရတော့တာပါပဲ။ အချစ်ဦးကို အတိတ်ဟောင်းမှာ ထားရစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားမှာ ချစ်သူပစ်ခတ်ကျိန်ဆိုလိုက်တဲ့ ကျိန်စာမြား ဘယ်လို စူးခဲ့ရသလဲ ဆိုတာကို ရင်ခုန်စရာ၊ ဝမ်းနည်းစရာ၊ လွမ်းဆွတ်စရာ ခံစားမှုတွေနဲ့ ဖတ်ကြရမှာပါ။