ကောက်ကြောင်းတစ်ခု၏ ရှိုက်သံ

မြပုလဲခင်

800 Kyats ကျပ်
စကားပြောရင် ‘တို့များ … တို့များ’ လို့ ကိုယ့်ကိုယ်ကိုယ် သုံးနှုန်းတတ်တဲ့ မေလေးမောင်မောင် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားဝေဒနာ ခံစားမှုတွေအကြောင်း၊ စာဖတ်ပရိသတ်ကို မေလေးမောင်မောင်က ပြန်လည်ပြောပြ ရင်ဖွင့်ဟန်နဲ့ ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ အတိတ်ကို ပြန်ပြောင်းအောက်မေ့ဟန် လွမ်းမောဖွယ် ခံစားမှုတွေနဲ့ အဖြစ်အပျက်ဟောင်းတွေက မေလေးမောင်မောင်ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ အချစ်နဲ့ စိတ်သဘောကို သနားစာနာစရာ ခံစားရအောင် ဖန်တီးထားပါတယ်။ အိမ်နာမည် နီတာ၊ အမည်ရင်း နေသူရိန်။ တို့များလို့ သုံးနှုန်းတတ်တဲ့ မေလေးမောင်မောင်ရဲ့ ဘဝထဲ ဆယ်ကျော်သက်အရွယ်မှာ ဧည့်သည်တစ်ယောက်လို ရောက်ရှိလာတဲ့ နေသူရိန်ကို မေလေးမောင်မောင်က ချစ်စနိုးနဲ့ နီလို့ ခေါ်တတ်တယ်။ မေလေးမောင်မောင်တို့ အိမ်ကို လူရောက်မလာခင်ကတည်းက ဖုန်းဆက်တဲ့ အသံတစ်သံနဲ့ လွှမ်းမိုးစိုးပိုင်ခဲ့သူ နီ။ နီ ဆိုတဲ့ ကောင်လေးသာ မရှိခဲ့ရင် အရာရာ အေးချမ်းပြည့်စုံနေတဲ့ မေလေးမောင်မောင်တစ်ယောက်၊ နီ့ကို ချစ်မိသွားတဲ့ နောက်ပိုင်း၊ ဘဝလှိုင်းထန်ခဲ့ရပါတော့တယ်။ ဇာတ်အိမ်ခိုင်ခိုင်၊ အရေးအသားကောင်းကောင်း၊ ဖန်တီးရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းက ဇာတ်သိမ်းခန်းမှာ အလွမ်းနဲ့ နိဂုံးချုပ်မလား၊ အချစ်နဲ့ အဆုံးသတ်မလား ဆိုတာ ခံစားဖတ်ရှုကြည့်စေချင်ပါတယ်။